ဂျပန်နိုင်ငံရဲ့ နာမည်ကြီး professional ballet dancer တစ်ယောက်ဖြစ်တဲ့ Yamakai က BTS အဖွဲ့ဝင် JIMIN  ရဲ့အကတွေဟာ ပြောစရာတစ်စက်လေးမှမရှိအောင် အရမ်းမိုက်တယ်လို့ ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က Yamakai ဟာ JIMIN ရဲ့ အကဗီဒီယိုတစ်ခုကို အွန်လိုင်းပေါ် တင်လိုက်တာပါ။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by JIMIN (@btsjimin)

ဒီဗီဒီယိုဟာ ‘Black Swam’ သီချင်းနောက်ကွယ်က ပုံရိပ်တွေကိုရိပ်ကူးထားခဲ့တဲ့ ဗီဒီယိုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ JIMIN ရဲ့ကကွက်တွေနဲ့ ပတ်သက်ပြီး Yamakai က “JIMIN က အရမ်းကို ခက်ခဲတဲ့ ကကွက်တွေကိုတောင် လွယ်လွယ်ကူကူ ကပြသွားခဲ့ပါတယ် ဒါက JIMIN ဟာ မယုံနိုင်လောက်တဲ့ modern dancer တစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်” လို့ ကောမန့်ပေးခဲ့ပါတယ်။

နောက်ပြီး Yamakai က ‘2019 Melon Music Awards’ တုန်းက JIMIN ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီး ခုလိုမျိုးပြောကြားခဲ့ပါသေးတယ် “ခင်းထားတဲ့ soft fabric ပေါ်မှာ ဒီလိုအကမျိုးကိုကဖို့ သူရွေးချယ်တာကို ကျွန်တော်အတော်လေး အံ့သြပါတယ် soft fabric က အသုံးပြုရခက်ခဲတဲ့ အမျိုးအစားဖြစ်ပြီး သေချာကတတ်တဲ့ အရည်အချင်းမရှိရင်တော့ သူ့ရဲ့ဖျော်ဖြေမှုက ချက်ချင်းပျက်သွားနိုင်ပါတယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by JIMIN (@btsjimin)

သူက ဆက်လက်ပြီး “ဒီပွဲမှာ လုံးဝကို ကောင်းမွန်တဲ့ performance ပေးဖို့အတွက် JIMIN ဟာ  ဘယ်လောက်တောင် ကြိုးစားအားစိုက်ထားတယ်ဆိုတာကို တွေ့နိုင်ပါတယ် JIMIN ရဲ့အကက modern dance နဲ့ kpop dance ကို ပေါင်းစပ်ထားတာပါ သူ့လိုမျိုး တစ်ခြားသူတွေ ကနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး ခုလိုမျိုး ဖျော်ဖြေမှုပေးနိုင်တဲ့ Kpop star တစ်ယောက်အတွက် အရမ်းကို အထင်ကြီးမိပါတယ်”

“သူအကဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ပြောစရာတစ်ကွက်မှ မရှိလောက်အောင် မိုက်ပါတယ် သူ့ဆီမှာ ထူးခြားတဲ့ talent တွေရှိနေပါတယ် JIMIN ရဲ့လှပတဲ့ အကကိုကြည့်ပြီး တစ်ခြားသူတွေကလည်း modern dance ဟာ လှပတဲ့အကဖြစ်တယ်ဆိုတာကို တွေးမိကြမှာပါ ဒီအတွေးက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်” လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်နော်။

Khin