အဆိုတော် Jang Jae In ကတော့ ဇွန်လ(၇)ရက် ကိုရီးယားဒေသစံတော်ချိန် နံနက် (၃)နာရီလောက်မှာတော့ သူမရဲ့ ချစ်သူ Nam Tae Hyun က သူမအပေါ် ဖောက်ပြန်နေတယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ Post တွေကို Inst agram မှာ ဆက်တိုက်တင်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Soompi မှာ တင်ထားတာပါ။Post တစ်ခုမှာတော့ KakaoTalk message တွေရဲ့ Screenshot တွေ ကို တင်ထားပါတယ်။အဲ့ဒီအထဲမှာတော့ Nam Tae Hyun  နဲ့ A နဲ့ စတဲ့ အမျိုးသမီးတစ်ဦးတို့ စကား ပြော ဆိုထားတာတွေပါရှိပါတယ်။နောက်ထပ် Post မှာတော့ Jang Jae In နဲ့  “A.” တို့ ကြားက တိုက်ရိုက် မက်ဆေ့ခ်ျ Sceenshot တွေကိုပါ တင်ထားတာပါ။

Image – soompi
Image – soompi

KakaoTalk screenshots တွေမှာတော့ “A” က Nam Tae Hyun က သူ့ချစ်သူ ကောင်မလေးနဲ့ လမ်းခွဲ လို က်ပြီ ဆိုပြိး သူမကို ညာပြောထားတဲ့ အကြောင်းတွေကို ရေးထားတာပါ။ Yongsan က ရုပ်ရှင်ရုံတစ်ခုမှာ Nam Tae Hyun  နဲ့ Jang Jae In တို့ ကို မြင်ခဲ့တယ်လို့ သူငယ်ချင်းက ပြောကြောင်း ပြန်ပြောခဲ့ ပေမယ့် ၊Nam Tae Hyun က သူနဲ့ Jang Jae In  တို့ရဲ့ relation ship ဟာ မရေမရာ မပြတ်မသားဖြစ်နေကြောင်း ပြောခဲ့တယ်လို့ ဆိုထား ပါတယ်။A ရဲ့ သူငယ်ချင်းက ဒီအခြေအ နေကို နားလည်မှုလွဲတယ်။တယောက်ယောက်နဲ့ မှားတယ်လို့ ပြော ခဲ့ ကြော င်း ဆိုထားပါတယ်။ Nam Tae Hyun က A က သူ နဲ့ တွဲ ချင်တယ်လို့ ပြောခဲ့ကြောင်း၊A က တော့ တစ်ဖက်က ချစ်သူနဲ့ ပြတ်စဲတာ သေချာ၊မချာ ရှင်းရှင်းလင်းလင်း လုပ် ဖို့ ပြော ခဲ့တယ်လို့ ဆိုပါတယ်။ “A” နဲ့ Jang Jae In’ ရဲ့ screenshot မှာတော့ A က Jang Jae In ကို KakaoTalk မက်ဆေ့ခ်ျ Screenshot တွေကို ပို့ ထားပါ တယ်။Jang Jae  ကို Nam Tae Hyun နဲ့ အတူရှိနေခဲ့တဲ့ အတွက် တောင်းပန်ထားပါတယ်။ တကယ်လို့ များ Nam Tae Hyun နဲ့ Jang Jae In တို့ အခုထိ တွဲနေမှန်း သိခဲ့မယ်ဆိုရင် ဒီလို တွဲမှာ မဟုတ်ပါဘူး ဆိုပြီး တောင်း ပန်ထားပါတယ်။A က Nam Tae Hyun  က  သူမရဲ့ အေဂျင်စီဘက်ကနေ Jang Jae In နဲ့ ပြတ်စဲ ပြီ ဆိုတာကို ထုတ်ပြောဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း၊ဒါပေမယ့် ဒါဟာလိမ်တာဆိုတာကို A က မကြာ သေး မီက မှ သိခဲ့တာလို့ ဆိုပါတယ်။

Image – soompi
Image – soompi

 

အဓိကကတော့ တစ်ဖက်မိန်းကလေးကို လက်ရှိချစ်သူနဲ့ ပြတ်နေပါပြီလို့ ပြောပြီး တွဲခဲ့တာပါ။Jang Jae In ကတော့ IG က Post တွေ ကို ပြန်ဖျက်သွားခဲ့ပါတယ်။ဒါပေမယ့် သူမရဲ့ Instagram bio မှာတော့ ” နင့်အကြောင်း ကော လာဟလဆိုာတွေက အမှန်တွေပေါ့။ငါသိတာကတော့  ဒီ တစ်ယောက် တည်းမ ဟုတ်ဘူး ။ကျေးဇူးပဲ ဒီလို ထုတ်ြေ ပာတာကို။နင့်ကို ဘယ်ယောက်ျားရဲ့ ထိန်းချုပ်မှုကိုမှ မခံနဲ့။ဒါပဲ..” ဆိုပြီး ရေး ထား ပါတယ်။Jang Jae In နဲ့ Nam Tae Hyun တို့ဟာ ပြီးခဲ့တဲ့ ဧပြီ လတုန်းကမှ တွဲနေပြီဆိုတဲ့ အကြောင်းကို အတည် ပြု ခဲ့ကြတာပါ။သူတို့ဟာ tvN variety show “Studio Vibes.” မှာ အတူရိုက်ကူးရေးလုပ်ပြီးနောက် စ တွဲ ခဲ့ကြတာပါ။

Image – soompi
Image – soompi