တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသားတွေဖြစ်ကြတဲ့ ဒါရိုက်တာရင်လို့ လူသိများတဲ့  Jang Donggun နဲ့ Strong Woman Do Bongsoon ရဲ့ မင်းသား Park Hyunsik  တို့ဟာ အမေရိကန်စီးရီးတစ်ခုဖြစ်တဲ့ Suit ကို ပြန်လည်ရိုက်ကူးမယ့် ကိုရီးယားဒရမ်မာမှာ အတူတွဲဖက်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်ဇာတ်လမ်းတွဲ Suit ကတော့ Season 7 အထိတောင်ရောက်နေပြီ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Jang Donggun က ဆွဲဆောင်မှုရှိပြီး တိကျပြတ်သားတဲ့ ရှေ့နေ Choi Kyungseo အဖြစ်ပါဝင်မှာ ဖြစ်ပြီး Park Hyunsik ကတော့ Choi Kyungseo က သူ့ရဲ့ ရှေ့နေအဖွဲ့အစည်းအတွက် ရွေးချယ်ခဲ့တဲ့ ရှေ့နေ အသစ်စက်စက်လေး Go Yeonwoo အဖြစ် ပါဝင်ရမှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ဘယ်လိုအတွဲညီညီ သရုပ်ဆောင်ကြမယ်ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source: Kstarlive