အပြုံးချိုချိုလေးတွေနဲ့ မိန်းကလေးပရိသတ်တွေ ကို ဆွဲဆောင်ထားတဲ့ ထိုင်းမင်းသားချော James Jirayu နဲ့ မင်းသမီးချော Bella Ranee တို့ကိုတော့ ထပ်ပြီး အတူတွဲတွေ့ရအုံးမှာပါ။ အရမ်းလိုက်ဖက်သူတွေအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတွေ ပါ။

TV ဒရမ်မာဇာတ်ကားသစ် ‘Kong Gum’ မှာ အတူတွဲသရုပ်ဆောင်ကြမှာဖြစ်ပြီး P’ Off Pongpat ကနေထုတ်မယ့် ဇာတ်ကားလို့ သိရပါတယ်။ JJ မတိုင်ခင် Alek Teeradetch ကို ဒီကားမှာ အဓိက မင်းသားနေရာကနေ သရုပ်ဆောင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိ သူရိုက်နေတဲ့ ဒရမ်မာကားက ရုတ်တရက် အချိန်ဇယားအပြောင်းအလဲ ရှိသွား တဲ့ အတွက် မင်း သားနေရာမှာ အပြောင်းအလဲဖြစ်ခဲ့တာပါ။

James Jirayu နဲ့ Bella Ranee တို့ရဲ့ ပရိသတ်တွေ အတွက်ကတော့ ဒီသတင်းဟာ သ တင်းကောင်းဖြစ်ခဲ့ါတယ်။သူတို့နှစ်ယောက်ပါဝင်ထားတဲ့ ဇာတ်ကားသစ်ကိုတော့ ထပ်ပြီး ကြည့် ရတော့မှာ ဖြစ်ကြောင်း dara မှာ ဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။