ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိနေတဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး J Naw ကတော့ အမြဲအမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ လှပတဲ့ ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ထားလို့ မိန်းကလေးတွေ အားကျရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း သူမရဲ့ ဘော်ဒီအလှကို ပိုပြီးပေါ်လွင်စေတဲ့ ရေကူးဝတ်စုံဝတ်ထားတဲ့ အမိုက်စားဓါတ်ပုံတွေကို တင်ပေးထားပါတယ်။ သွယ်သွယ်လျလျနဲ့ အင်တာနေရှင်နယ်ဆန်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ J Naw ကတော့ အရမ်းကို မိုက်လွန်းနေပါတယ်။

J Naw ကတော့ ဓါတ်ပုံတွေကိုတင်ရင်းနဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် “သင့် ရဲ့ လှပတဲ့ အချိန်လေးတွေကို
တန်ဖိုးရှိစွာ အသုံးချပြီး လက်ရှိချိန်လေးမှာ မိမိ မြတ်နိုးတန်ဖိုးထားရတဲ့ သူကို အသည်းနစ်အောင် ချစ်ပစ်လိုက်ပါ မိတ်ဆွေ” ဆိုတဲ့ တန်ဖိုးရှိတဲ့ စာလေးကိုလည်း ရေးထားပါသေးတယ်။ J Naw ရဲ့ ပရိသတ်တွေအတွက် J Naw ရဲ့ အလန်းစားဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: J naw