IU ကတော့ “Lawless Lawyer”  ဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးလုပ်နေတဲ့ Lee Junki ရဲ့ ရိုက်ကွင်းဆီကို  အစားအသောက်တွေ ပါဝင်တဲ့ကား ပို့ပေးခဲ့ပါတယ်။ မေလ (၂၈) ရက်နေ့မှာ Lee Junki ဟာ IU ပို့ပေးလိုက်တဲ့ Food Truck နဲ့ ဓါတ်ပုံတွေအများကြီးရိုက်ပြီး အင်စတာဂရမ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

Lee Junki ကတော့ “Jieun ရေ ကျေးဇူးတင်ပါတယ်။ ဒီကရိုက်ကူးရေးအဖွဲ့သားတွေ အားလုံးလည်း ပို့ပေးလိုက်တဲ့ လက်ဆောင်ကြောင့် အားဖြစ်ရပါတယ်။ ‘Lawless Lawyer’  Fighting ” လို့ရေးပြီး IU ကို ကျေးဇူးတင်စကားပြောထားတာဖြစ်ပါတယ်။

IU ကလည်း “အရမ်းကို အားအင်တွေပြည့်နေတဲ့ ပိုစ့်တွေနဲ့ ” လို့ ပြန်ပြီး ကွန်းမန့်ရေးခဲ့ပါတယ်။ Lee Junki ကလည်း “အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြန်ရေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ “Scarlet Heart. Ryeo” ဇာတ်လမ်းတွဲ ရဲ့ သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့  IU နဲ့ Lee Junki တို့ အခုအချိန်အထိ ရင်းရင်းနှီနှီးရှိနေကြဆဲဖြစ်လို့ အရမ်းကို သဘောကျနေကြပါတယ်။ ပရိသတ်တွေလည်း IU နဲ့ Lee Junki တို့နှစ်ဦး အချိန်အတော်ကြာ ရင်းရင်းနှီနှီးနဲ့တွေ့ရတာ သဘောကျကြတယ်မလား။

Source: Kstarlive