အဆိုတော်၊ မင်းသမီးချောလေး IU က သူမရဲ့ ရောဂါခုခံအား ကျဆင်းနေတဲ့အတွက် ဓာတ်မတည့်မှုတွေတိုးလာတဲ့အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ January 9 ရက်နေ့က 35th ‘Golden Disc Award’ ပွဲကို IU က တက်ရောက်လာခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
အဲဒီ့နေ့မှာ IU က ‘Bonsang’ (main prize) နဲ့ ‘Daesang’ (the grand prize) ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဆုကိုလက်ခံတဲ့အချိန်မှာ IU က သူမကို ချစ်ခင်ပြီး အားပေးကြတဲ့ သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်နော်။
View this post on Instagram
သူမရဲ့ ပရိတ်သတ်တွေ၊ သူမရဲ့ အေဂျင်စီဝန်ထမ်းတွေကို ကျေးဇူးတင်သလို hair salon က ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုလည်း ထည့်ပြောသွားတာ ဖြစ်ပါတယ်။
View this post on Instagram
IU က “လတ်တလောမှာတော့ ကျွန်မရဲ့ ရောဂါခုခံအားက အတော်လေး အားနည်းနေပါတယ် ဒါကြောင့် အလှကုန်တော်တော်များများနဲ့ မတည့်တာတွေ ဖြစ်လာခဲ့တာပါ ကျွန်မ တော်တော်များများသော spray တွေနဲ့ oils တွေကို အသုံးပြုလို့မရ ဖြစ်နေပါတယ် ဒါကြောင့် ကျွန်မကိုကျွန်မ အရမ်းကို ဂျီးများတဲ့ customer တစ်ယောက်လို့ ခံစားမိလာတယ် ကျွန်မအတွက် စိုးရိမ်ပေးတတ်တဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ် ကျွန်မထက်ပိုပြီး allergies ဖြစ်တာတွေကို လေ့လာပေးတဲ့အတွက်ပါ ကျွန်မရဲ့ ကျန်းမာရေးအတွက်လည်း ပိုကောင်းလာအောင် တတ်နိုင်သလောက် ကြိုးစားနေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်နော်။
Khin