Kpop girl group ITZY ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lia ဟာ ကြင်နာတတ်ပြီး စိတ်ထားကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအချက်လေးတွေက ဖော်ပြလို့ နေပါတယ်။
IZ*ONE အဖွဲ့စာချုပ်ထပ်တိုးဖို့ကို ဆုတောင်းပေးခဲ့တယ်
View this post on Instagram
Produce 48 ကိုဖြတ်ကျော်ပြီး 2018 ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တဲ့ IZ*ONE အဖွဲ့ရဲ့ စာချုပ်သက်တမ်းဟာ နှစ်နှစ်နဲ့ ခြောက်လချုပ်ဆိုထားခဲ့ပါတယ်။ IZ*ONE အဖွဲ့ရဲ့ စာချုပ်သက်တမ်း ကုန်ခါနီးမှာတော့ နောက်ထပ်စာချုပ်သစ်ထပ်ချုပ်ဆိုနိုင်ဖို့ ဆုတောင်းပေးတဲ့အကြောင်းကို Lia က ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။
Lia ရဲ့ အားသာချက်ကို ထုတ်ပြောခဲ့တဲ့ Ryujin
View this post on Instagram
Live ထုတ်လွှင့်တဲ့ အစီအစဉ်မှာ Ryujin ကို အဖွဲ့ဝင်တွေရဲ့ အားသာချက်တွေကို ပရိတ်သတ်တွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ သူမက Lia ဟာ သူများတွေ စိတ်ဓာတ်ကျနေတဲ့အချိန်ကို သူမကဒါကိုသိပြီး စိတ်ဓာတ်မကျအောင်၊ စိတ်သက်သာရာရအောင် ကာကွယ်ပေးတတ်တယ်လို့ Lia ရဲ့အားသာချက်ကို ပြောပြခဲ့ပါတယ်။
BTS အဖွဲ့ GRAMMY ဆုရဖို့ကို ဆုတောင်းပေးခဲ့တယ်
View this post on Instagram
BTS အဖွဲ့ရဲ့ ‘Dynamite’ သီချင်း nominated ဝင်တဲ့အချိန်မှာ Lia က ဆုရစေချင်တဲ့အကြောင်းကို ခုလိုပြောကြားခဲ့ပါတယ် “ကျွန်မက ITZY အဖွဲ့က Lia ပါ BTS အဖွဲ့ဟာ GRAMMY award ရဲ့ပထမဆုံး nominated စာရင်းဝင်တဲ့ ကိုးရီးယားအနုပညာရှင် ဖြစ်လာခဲ့ပါတယ် ဒီအတွက် ကျွန်မတို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Chaeryeong အတွက်ဟန်ပန်တွေမပါတဲ့ စကားကိုပြောခဲ့တယ်
View this post on Instagram
Weekly Idol အစီအစဉ်မှာ Chaeryeong အတွက် Lia က ဟန်ပန်တွေမပါတဲ့ စကားလေးကို ပြောခဲ့တာပဲ ဖြစ်ပါတယ် “နင်က တကယ့်ကို ကလေးလေးလိုပဲ အရမ်းချစ်ဖို့ကောာင်းတယ်” ဆိုပြီး ပြောသွားခဲ့တာပါနော်။
Khin