အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ စိတ်ဓါတ်ကျတာတွေ စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။ သာမန်လူတွေထက် ပိုပြီးတော့ အထီးကျန်မှုကို ခံစားရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တွေဟာ အားလပ်ချိန်တွေမှာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ အနားယူနိုင်ဖို့ အတွက် အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးလေ့ရှိကြပါတယ်။ သူတို့တွေကတော့ အင်စတာဂရမ်မှာ သူတို့ရဲ့ ပိုင်ရှင်တွေနဲ့ အတူ နာမည်ကြီးတဲ့ ဆယ်လီအိမ်မွေးတိရစ္ဆာန်လေးတွေပေါ့။

1. CL ရဲ့  Donut

CL ရဲ့ အချစ်တော် Donut လို့ခေါ်တဲ့ ဒီကြောင်လေးကတော့ 2NE1 ရဲ့ CRUSH သီချင်းဗီဒီယိုထဲမှာ ပါဝင်ခဲ့ပါတယ်။

2. Taeyeon ရဲ့ Ginger

သူကတော့ SNSD အဖွဲ့ရဲ့ခေါင်းဆောင် Taeyeon ရဲ့ အင်စတာဂရမ်မှာ နေရာအပြည့်ယူထားတဲ့သူလေးပါ။ Taeyeon က Ginger နဲ့ကစားရတာကို အရမ်းနှစ်သက်ပါတယ်။

3. Key ရဲ့ Comme des and Garcons

Key ကတော့ ဖက်ရှင်ကျတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် လူသိများပါတယ်။ သူ့ရဲ့ ခွေးလေးနှစ်ကောင်ကိုလည်း ဂျပန်နိုင်ငံရဲ့ အ၀တ်အထည် ကုမ္ပဏီရဲ့ နာမည်ကို ပေးထားတာဖြစ်ပါတယ်။

4. Sehun ရဲ့ ViVi

သူကိုတော့ EXO အဖွဲ့ဝင် Sehun က ဇွန်လမှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပင်ပန်းနေတဲ့အချိန်မှာလည်း ViVi က အမြဲအားပေးနှစ်သိမ့်ပေးတယ်လို့ Sehun ကပြောပြခဲ့ပါတယ်။

5. Gain ရဲ့BongSamee

သူကတော့ မျက်နာထားတင်းတင်းနဲ့ ချစ်စရာ အချေကြောင်လေးပါ။ BongSamee ရဲ့ မျက်နာထားချေချေလေးကို ချစ်တယ်ဆိုရင်တော့ သူ့ရဲ့ တွစ်တာအကောင့်ကို Follow လုပ်ထားလို့ရပါတယ်။ သူ့ရဲ့ တွစ်တာ အကောင့်ကတော့ @BongSam ဖြစ်ပါတယ်။ Follwer ၁၃,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ ကြောင်ဆယ်လီလေးပါ။

Source: Kpopmap