ဘယ်လိုစတိုင်မျိုးနဲ့မဆို အမြဲကြည့်လို့ လှနေတဲ့ HyunA ကတော့ နာမည်ကြီး ဖက်ရှင် တံဆိပ်တစ်ခုဖြစ်တဲ့ PUMA အတွက် ကြော်ငြာဖိုတိုရှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီဖိုတိုရှုမှာတော့ သူမဟာ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့သာမက ညှို့အားပြင်းတဲ့ပုံစံနဲ့ပါ ပရိသတ်တွေကို ဖမ်းစားလိုက်တာဖြစ်ပါတယ်။

PUMA အတွက် HyunA ရိုက်ကူးပေးထားတဲ့ ဓါတ်ပုံတွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လို့နေပြီး ပရိသတ်တွေအားလုံးကတော့ HyunA ဟာ PUMA အတွက် အသင့်တော်ဆုံး မော်ဒယ်တစ်ယောက်ပဲလို့ ချီးကျူးနေကြပါတယ်။

အားကစားဝတ်စုံနဲ့လည်း အရမ်းကို ကြည့်လို့ကောင်းလွန်းတဲ့ HyunA ကတော့ မိန်းကလေးဆန်ဆန် ပန်းနုရောင် ဝတ်စုံလေးနဲ့လည်း ချစ်စရာကောင်းပြန်ပါတယ်။

ပုံစံမျိုးစုံနဲ့ ချစ်စရာလည်းကောင်း ညို့အားလည်းပြင်းတဲ့ HyunA ကတော့ PUMA ရဲ့ နတ်သမီးလေးတစ်ပါးလားလို့တောင် အထင်မှားစရာပါပဲ။

Source: Koreaboo