ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ Park Shinhye နဲ့ Hyunbin ကတော့ ဇာတ်လမ်းတွဲ အသစ်တစ်ခုမှာ အတူတူ တွဲဖက်သရုပ်ဆောင်ကြမယ့် အလားအလာတွေ ရှိပါတယ်။ သူတို့နှစ်ဦးဟာ ‘Yeowoo Gaksibyeol’ လို့ခေါ်တဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခြင်းခံထားရတယ်လို့ သိရပါတယ်။

Park Shinhye ရဲ့ အနုပညာအေဂျင်စီကတော့ Park Shinhye ဟာ ‘Yeowoo Gaksibyeol’ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပေမယ့် ဘယ်လိုဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ရမလဲဆိုတာ မသိသေးကြောင်း၊ ဇာတ်ညွှန်းဖတ်ဖို့အတွက် စောင့်ဆိုင်းနေတာဖြစ်ပြီး ဘာမှတော့ အသေအချာ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ Hyunbin ရဲ့ အနုပညာအေဂျင်စီကလည်း အလားတူပဲ ဖြေကြားခဲ့ပါတယ်။

‘Yeowoo Gaksibyeol’ ဇာတ်လမ်းတွဲကတော့ ကြေကွဲစရာကောင်းတဲ့ အမှတ်တရတွေရှိခဲ့တဲ့ အတိတ်ကနေ လွတ်မြောက်ချင်တဲ့ ဇာတ်ကောင် နှစ်ယောက်အကြောင်းကို ရိုက်ကူးမှာဖြစ်ပြီး နာမည်ကျော် “Secret Garden”ဇာတ်လမ်းတွဲရဲ့ ပရိုဂျူစာက ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Source: Kstarlive