တောင်ကိုရီးယားအဆိုတော် Hyorin ကတော့ အရမ်းကို လှပတဲ့ ခန္ဓာကိုယ်အချိုးအဆစ်ကို ပိုင် ဆိုင်ထားသူပါ။ဇွန်လထုတ် ‘Bazaar‘ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ပြီး အဲ့ဒီမှာတော့ သူမ ရဲ့ အမိုက်စား Bodyအချိုးအစားကို ထုတ်ပြခဲ့ပါတယ်။ အင်တာဗျူးလည်းဖြေခဲ့ပါတယ်။

အင်တာဗျူးအတွင်း သူမရဲ့ Dally MV အောင်မြင်မှု အတွက်အခ အရမ်း ပျော်ရွှင်နေတယ်လို့ အခို ပြောခဲ့ပါတယ်။” အရမ်းပျော်ပါတယ်..ကြည့်ရှုနှုန်းဆက်မြင့်နေတုန်းပဲ .ကြည့်ရှုနှုန်းကို ရေတွက်ဖို့ အတွက်  ကျမလည်း သေချာ Check လုပ်နေတယ်” ဆိုပြီး ပြောခဲ့ပါတယ်။အရမ်းလှတဲ့ ဒီလို Body အချိုးအစားကို ပိုင်ဆိုင်ထားတာနဲ့ပတ်သက်ပြီး မေးတဲ့ အခါမှာတော့..”weight training  ကို အရင်က တစ်ပတ်မှာ (၂)ကြိမ်(၃)ကြိမ်လောက်လုပ်ခဲ့ဖူးတယ်..ဒါပေမယ့် အခုအချိန်မှာတော့ တကယ်ပဲ လေ့ကျင့်ခန်း(Work Out) လုပ်ဖို့ လိုနေပြီ..ဒါကြောင့် အခုကတော့ နေ့တိုင်း တစ်နေ့ ကို (၁)နာရီခွဲ (၂)နာရီလောက် လေ့ကျင့်ခန်းလုပ်နေပါပြီ” ဆိုပြီး ပြောခဲ့ပါတယ်။

“ကံကောင်းတာက ကျမက လူတွေ Diet လုပ်တဲ့ အခါစားတဲ့ အစားအစာတွေကို အရင်တည်းက စားရတာကြိုက်တယ်..ကြက်ရင်အုံ၊ဆလတ်၊ကန်စွန်းဥ တို့ကို စားရတာကြိုက်တယ်..မကြာသေးခင် တုန်းက အမေက ကျမကို ကြက်ဥချက်ပြုတ်ဖို့ စက်လေးတစ်ခု ၀ယ်ပေးထားတယ်..ကြက်ဥကို (၁၇) နာရီကြာချပေါင်းတယ်..ပြီးတော့ စားဖို့ (၃) (၄)လုံးလောက် ယူသွားတယ်…” ဆိုပြီး ပြောခဲ့ပါတယ်။

Source allkpop