Kem Hussawee နဲ့ Mookda Narinrak တို့ကို ချစ်တဲ့ ပရိသတ်တွေ အတွက် ၀မ်းသာစရာ သတင်းကောင်းတစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။အဲ့ဒါက တော့ သူတို့နှစ်ယောက် အတူတူ နောက်ထပ် TV ဒရမ်မာဇာတ်ကား သစ် အတူ ရိုက်ကူး တော့မယ့် သတင်းပါ။ဒီသတင်းကိုတော့ Thai Channel 7 ရဲ့တ ရားဝင် Facebook စာမျက်နှာ ပေါ်မှာ ကြေညာခဲ့တာပါ။သူတို့နှစ်ယောက် ပါဝင် ထားတဲ့ “So Wayree” TV ဒရမ်မာ ဇာတ်ကား ပြသ ပြီးထာ သိပ် မကြာ သေးတဲ့ အချိန်မှာ ပဲ နှစ်ယောက် တွဲ ပြီး နောက်ထပ် ဇာတ်ကား သစ်ရိုက် တော့မှာပါ။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

🤍

A post shared by Hussawee (@hussaweee) on

 

View this post on Instagram

 

❤️❤️🥰🥰 #โซ่เวรี #หัสรินทร์ #ปารมิตา #ปรินทร์

A post shared by Me (@someoneeeyy) on

နှစ်ယောက် အတူ ရိုက်ကူးမယ့် ဇာတ်ကား နာမည်က တော့  “Khoei Baan Rai Sapai Hi-So” ပါ။ဒီဇာတ်ကားမှာတော့ Kem Hussawee က နိုင်ငံ ရပ်ခြားမှာ ပညာသင်ကြားခဲ့တဲ့ အမျိုးသား တစ်ယောက် အဖြစ် သရုပ်ဆောင် သွားမှာပါ။ Mookda Narinrak က တော့ အရမ်းလှပြီး ချမ်းသာတဲ့ Hi-So မိန်းက လေး နေရာ က နေ သရုပ်ဆောင် သွားမှာပါ။“Khoei Baan Rai Sapai Hi-So” က တော့ သူတို့နှစ်ယောက် အတူ တွဲ သရုပ်ဆောင်တဲ့ ဒုတိယမြောက် TV ဒရမ်မာဇာတ်ကား ဖြစ်လာ တော့မှာပါ။

 

View this post on Instagram

 

#เมาท์มอยหอยสังข์กะละมังหม้อ✨ เปิดโผละครใหม่ การพบกันอีกครั้งตามคำเรียกร้องของทีม #พ่อจ๋าแม่จ๋า #เขยบ้านไร่สะใภ้ไฮโซ 💖 ความรักสุดฟินของ #เข้มหัสวีร์ หนุ่มอีสานติดดินดีกรีนักเรียนนอกกับ #มุกดานรินทร์รักษ์ ไฮโซสาวสุดจี๊ด #เข้มมุก ปังไม่ไหวละจ้า! #แอดเกรียน😎 #Ch7HDDramaSociety

A post shared by Ch7HD Drama Society (@ch7hd_dramasociety) on

မကြာ သေးခင်ကမှ ပြသပြီးခဲ့တဲ့ “So Wayree” က လည်း အရမ်းအောင်မြင်ခဲ့ပါတယ်။ထိုင်းမှာတင်မက ပဲ အာရှတစ်လွှား မှာပါ အောင်မြင် ခဲ့ပါတယ်။ဒီဇာတ်ကားကြောင့်ပဲ တက်သစ်စ မင်းသား Kem Hussawee တစ်ယောက် တဟုန် ထိုး အောင်မြင် သွား ခဲ့ပါတယ်။မင်းသမီး Mookda Narinrak လည်း ဒီဇာတ်ကားကြောင့် ပိုပြီး ကျော်ကြား အောင်မြင် လာခဲ့ပါတယ်။ပရိသတ်တွေ က  သူတို့နှစ်ယောက် ကို ဘယ်လောက်ထိ အားပေးလဲဆိုရင်တော့ “So Wayree” ပြပြီးတာ သိပ်မကြာ သေးခင်မှာပဲ နောက်ထပ် TV ဒရမ်မာ ကားသစ် ထပ်ရိုက်ဖို့ ဖြစ်လာ တာကို ကြည့်ရင် သိနိုင်ပါတယ်။

 

View this post on Instagram

 

💍💘 #โซ่เวรี #หัสรินทร์

A post shared by Chinnachod (Tum) (@chinnachod888) on

 

View this post on Instagram

 

⭐️⭐️⭐️ #โซ่เวรี

A post shared by Chinnachod (Tum) (@chinnachod888) on

Kem Hussawee  က တော့ Thai channel 7 နဲ့ (၂၀၁၇)က စာချုပ် ချုပ်ခဲ့ပါတယ်။ 2018 TV drama “Hi-So Sa Orn”က တော့ သူ့ရဲ့ ပထမဆုံး ဇာတ်ကားပါ။ဒီကြားထဲမှာလည်း တခြား မင်းသမီးတွေ နဲ့ TV ဒရမ်မာဇာတ်ကားတွေ ရိုက်ခဲ့ပေမယ့် အရမ်းကြီးမ ပေါက် ခဲ့ပဲ  Mookda Narinrak နဲ့ ရိုက်တဲ့ ဇာတ်ကားက အရမ်း အောင်မြင်သွားခဲ့တာပါ။ Mookda Narinrak က တော့ (၂၀၂၀)မှာ Weir နဲ့ အတူ ရိုက်တဲ့  Marn Bang Jai ဆိုတဲ့ TV ဒရမ်မာဇာတ်ကား လည်း ထွက်ရှိခဲ့ပါတယ်။ Marn Bang Jai အပြီးမှာတော့ ပြသပြီးခဲ့တဲ့ “So Wayree” ထွက်ရှိခဲ့တာပါ။

#CELENOW