ပရဟိတအလုပ်တွေမှာ အမြဲပါဝင်လှုပ်ရှားလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ မော်ဒယ်၊သရုပ်ဆောင်ထွန်းကိုကိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ထွန်းကိုကိုကတော့ ဧပြီလ (၂၅)ရက်နေ့မှာလည်း ထိန်ပင် အမှိုက်ပုံကြီးမှာ မီးငြိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်။

ထွန်းကိုကိုကတော့ ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ရုံသာမက မီသတ်သမားတွေနဲ့အတူ ကူညီပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ မီးငြိမ်းသတ်ပေးခဲ့တာဖြစ်ပါတယ်။ ပူလောင်နေတဲ့ ရာသီဥတုမှာ ကြိုးကြိုးစာစားနဲ့ မီးငြိမ်းသတ်နေကြတဲ့ မီးသတ်လုပ်သားတွေနဲ့အတွက် တစ်တပ်တစ်အားပါဝင် ကူညီပေးခဲ့တဲ့ ထွန်းကိုကိုရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Htun Koko facebook