ပရိသတ်တွေတိုင်းရဲ့ အချစ်တော် ကြော်ငြာမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ သာသနာ့ရိပ်ကို ခေတ္တခဏခိုလှုံသွားခဲ့ပြီး မကြာသေးခင်ကမှ လူဘောင်လောကထဲကို ပြန်လည်ခြေချလာခဲ့တာ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ အခုအချိန်မှာ အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်နေပြီး ပရိသတ်တွေကလည်း သူမကို ပြန်တွေ့ရတဲ့အတွက်ကြောင့် အရမ်းကို ဝမ်းသာနေကြပါတယ်။

ဒီကနေ့မှာလည်း နာမည်ကြီး ဓါတ်ပုံဆရာ Kan Su Ho ရိုက်ကူးပေးထားတဲ့ ထက်ထက်ရဲ့ ဓါတ်ပုံတွေကတော့ အရင်ကပုံစံလေးတွေနဲ့မတူ တမူထူးပြီး လှနေတာကြောင့် ပရိသတ်တွေကတော့ ထက်ထက်ရဲ့ ပုံစံအသစ်လေးကို အရမ်းကို သဘောကျနေကြပါတယ်။

ပရိသတ်တွေအတွက် ထက်ထက်ရဲ့ ဓါတ်ပုံအမိုက်စားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo