ထက်အောင်ရှိုင်း ကတော့ ပရိသတ်အခိုင်အမာရထားတဲ့ မော်ဒယ်မင်းသားတစ်ယောက်ပါ။ မိန်းကလေးပရိသတ်တွေ ကြားမှာ ရေပန်းစားတဲ့ပါးချိုင့်မင်းသားလေးပါ။ ပါးချိုင့်မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ မြင်ရသူကိုပါ ကြည်နူး ပီတိဖြစ်စေတဲ့ အလှူဒါနလေးတစ်ခုကို လုပ်ခဲ့ပါတယ်။ အသက် (၈၀) ကျော်နေပေမယ့် ၀မ်းရေး အတွက် ရုန်း ကန်နေရတဲ့ အဖိုးအိုကို သူတတ်နိုင်သလောက်လေး ကူညီပေးခဲ့တာပါ။ နေပူပူထဲမှာ ကျောက်ချဉ်လေးတွေကိုပါ ထိုင်ရောင်း နေတဲ့ အဖိုးအိုကို ကူညီပေးခဲ့တာပါ။ ဒီမွန်မြတ်လှတဲ့ အပြုအမူလေး အတွက် ကိုယ်တိုင်လည်း ၀မ်းသာပီတိ ဖြစ် နေမိတဲ့ အကြောင်းကို ထက်အောင်ရှိုင်းက သူ့ရဲ့ fb မှာ အခုလို ဝေမျှထားပါတယ်။

Photo -Htet Aung Shine’s fb
Photo -Htet Aung Shine’s fb
Photo -Htet Aung Shine’s fb

“မနက်စောစောစီးစီး အလှူဒါနလေးတစ်ခုပြုခွင့်ရခဲ့တယ်..🙏အဘကအသက်(၈၀)ကျော်ပီ..လှိုင်သာယာက လာရောင်းတာတဲ့..နေပူပူထဲမှာ ဂေါင်းပြောင်ပြောင်နဲ့ အိတ်ထဲပါလာတဲ့ တစ်နိုင်တစ်ပိုင်ကျော က်ချဉ်လေးတွေ ကိုထိုင်ရောင်းနေလေရဲ့

အဘ ကျောက်ချဉ်ဘယ်လိုရောင်းလဲဆိုတော့ တစ်တုံး ဘယ်လောက်ဘယ်လောက် ဆိုပီးသူရှင်းပြတယ်..အသံတွေရော လက်တွေရောတုန်နေပီ..

ကျနော်အကုန်ဝယ်မယ်လို့ပြောတော့ သူအရမ်းဝမ်းသာသွားတယ် “ငါဒီနေ့အိမ်စောစောပြန်ရပီပေါ့”တဲ့

Photo -Htet Aung Shine’s fb
Photo -Htet Aung Shine’s fb
Photo -Htet Aung Shine’s fb

အဘနေ့တိုင်းအခုလိုဈေးရောင်းနေတာလားလို့မေးတော့ “ဒီလိုပဲရုန်းကန်ရတာပေါ့သားရယ်”တဲ့…ကျနော်ငွေပိုလေးပါထပ်ပီးကန်တော့ခဲ့တယ်

သနားလည်းသနားတယ် လေးလည်းလေးစားပါတယ်အဘရေ.. အခုအသက်အရွယ်ထိ ဘဝကိုဇွဲမလျှော့ဘဲ သမာအာဇီဝကျကျ ရုန်းကန်နေရဲတဲ့သတ္တိကိုလုံးဝ respect ပါဗျာ🙏……………..” ဆိုပြီး ထက်အောင်ရှိုင်း ရဲ့ fb မှာ ဝေမျှထားတာပါ။

Photo -Htet Aung Shine’s fb
Photo -Htet Aung Shine’s fb

ကုသိုလ်ဆိုတာ အလှူအကြီးကြီးတွေ လုပ်မှရတာမဟုတ်ပါဘူး။ ယူတတ်ရင် ရတာမို့ အသက်အရွယ်ကြီးပေမယ့် ၀မ်းရေးအတွက် နေပူမိုးရွာထဲမှာ ရုန်းကန်နေရတဲ့ အဖိုးအဖွားတွေကို တွေ့ရင် ကိုယ် တတ်နိုင်သလောက် လေး ကူညီပေးကြအုံးနော်..။ပတ်ဝန်းကျင်မှာ အဲ့လို အဖိုးအဖွားတွေ ရှိရင်လဲ တခြားသူတွေ လမ်းကြုံ ရင် ၀င် အားပေး လို့ရအောင် နေရာလေးတွေ ဝေမျှ ခဲ့အုံးနော်….။

Source ထက်အောင်ရှိုင်း