Hyun Bin က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။အနုပညာလောကထဲမှာ ရပ်တည်လာ တာ ကြာပါပြီ။ဟိုးအရင်တည်းက ပရိသတ်ချစ်ခင်အားပေးမှုကို ရလာခဲ့ ပြီး ဒီနေ့အထိ လည်း မိန်းက လေးပရိသတ် ကြားမှာ ရေပန်စားနေတုန်းပါ။အသက် ၃၈ နှစ်အရွယ် လူပျိုကြီးက တော့ ရုပ်တင် ချော တာမဟုတ်ပဲ ပိုက်ဆံ လည်း ချမ်းသာကြွယ်ဝ ပါတယ်။သူဘယ်လောက် အထိ ချမ်းသာလဲ၊သူ့ ၀င်ငွေ ဘယ်လောက်ရှိလဲ ဆိုတဲ့အ ကြောင်းကိုတော့ Cosmo-politan မှာ အခုလို ဖော်ပြထားပါတယ်။

သူ့ ဇာတ်ကားတွေ တိုင်း ပေါက်တာကိုတော့ ပရိသတ်တွေ သိပြီး ဖြစ်မှာပါ။နောက်ဆုံးပြသခဲ့တဲ့ Crash Landing On You ဆိုရှင် အာရှတစ်လွှားမှာ ပါ နာမည်ကြီးပါတယ်။နာမည်ကြီးပြီး ချမ်းသာ သ လောက် အလှူအတန်းလည်း လုပ်ဖြစ်ပါတယ်။အလှူလှူရင် ထုတ်မ ပြောပဲ သိုသိုသိပ်သိပ် ထားတာကြောင့် လူမသိလို က်တာတွေ၊နောက်ပိုင်းမှ ပြန်သိ ရတာေ တွ ရှိပါတယ်။ကိုရီးယားနိုင်ငံရဲ့ ကိုဗစ် ကာကွယ်ကု သ ရေး အတွက် $169,160 ကို တိုးတိုးတိတ် တိတ် လှူခဲ့ ပါတယ်။နောက်ပိုင်းသူလှူတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း Comm unity Chest of Korea က ပြန် ပြောမှ ဒီအလှူကို သိခဲ့ရတာပါ။သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကိုတော့ Blog တွေ က နေ အ မေရိကန် ဒေါ်လာ ၃ သန်း နဲ့ ၁၀ သန်းကြား ရှိ နိုင် တယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။ သူဘယ်လောက် ၀င်ငွေ ရလဲဆိုတာ ကြည့်လိုက်ရ အောင်……..။

(၂၀၁၀)တုန်းက ရိုက်တဲ့ Secret Garden မှာ ဆိုရင် အပိုင်းတစ်ပိုင်းစာကို အနုပညာကြေး $27,000  ရပါတယ်။အပိုင်း (၂၀) ရှိတာမို့ $540,000 ၀မ်နဲ့ ဆိုရင် သန်း(၆၀၀) ကျော် ရခဲ့ပါတယ်။ SM C&C က တော့  ဇာတ်ကားရဲ့ ထပ်တိုးအကျိုး အမြတ် အနေနဲ့ Hyun Bin က $178,383 ရခဲ့တယ်လို့ ထုတ် ပြောခဲ့ပါတယ်။အဲ့ဒီ အချိန်က ဆိုရင် သူ့ရဲ့ ချမ်းသာကြွယ်ဝမှု က ၃ သန်း ကျော်တယ်လို့ ခန့်မှန်း ခဲ့ ကြပါတယ်။

၂၀၁၃ မှာတော့  ၁၇ နှစ် အတွင်းမှာ saving $3.5 သန်းရှိတာ ကြောင့် ဘဏ္ဍာရေးကော်မတီရဲ့ အကြိမ် ၅၀ မြောက် Savings Day မှာ သမ္မတ က ပေးတဲ့ ဆုကို ရခဲ့ပါတယ်။ စစ်မှုထမ်းပြီး ပြန်လာတော့ ရိုက်တဲ့ Hyde, Jekyll, and I (2015) ဇာတ်ကားတစ်ပိုင်းကို အနုပညာ ကြေး $83,900 နဲ့ စုစုပေါင်း $1.68 သန်း ၀င်ငွေ ရခဲ့ပါတယ်။ Memories Of The Alhambra (2018) အတွက် တော့ တစ်ပိုင်းကို $90,000 နဲ့ ၀င်ငွေ $1.44 သန်းရခဲ့ပါတယ်။ကြော်ငြာ စာချုပ် အတွက် တစ်ခု တော့ ပျှမ်းမျှ $900,000 ရ ပါတယ်။

ရလာတဲ့ ပိုက်ဆံ တွေကို ဘယ်နေရာ တွေမှာ သုံးလဲ..?


သူကလည်း အိမ်ခြံ မြေ အ ဆောက်အအုံ တွေ အများကြီး  ပိုင်ဆိုင်ထားသူပါ။ဆိုးလ် က Cheongdam-dong မှာတော့ အ မေရိကန် ဒေါ်လာ (၄)သန်း တန် အ ဆောက်အအုံ ကို ၂၀၁၃ တုန်းက ၀ယ်ခဲ့ပါတယ်။လက်ရှိမှာဆိုရင် ပေါက် ဈေး က ၈ သန်း လောက်ရှိ နေပါပြီ။၂၀၁၁ မှာတော့ Heukseokdong  မှာ ၀မ် ၃ ဘီလီယံ တန်တဲ့ luxury တိုက်ခန်း တစ်ခုကို ၀ယ်ခဲ့ ပါတယ်။သူ့မိဘ တွေ အတွက် လည်း အဲ့ အခန်း နဲ့ တစ်ထပ် တည်းမှာ နောက်ထပ် ခန်း ၀ယ်ပေးခဲ့ပါတယ်။၂၀၁၉ မှာတော့ Kakao M ကုမ္ပဏီရဲ့ ရှယ်ယာ 24,000 ကို ၀ယ်ခဲ့ပါတယ်။


တန်ဖိုးအားဖြင့် $ 12 သန်းလောက်ရှိပါတယ်။ Hyun Bin က တော့ ၂၀၀၇ က ထူထောင် ခဲ့တဲ့ HB family Holdings ကုမ္ပဏီရဲ့ ပိုင်ရှင် ပါ။ Gangnam မှာ အဆောက်အအုံ ၀ယ်ပြီး အဲ့မှာရုံးစိုက်ပါတယ်။အထပ် (၇)လွှာ အဆောက်အအုံ ပါ။$ 4.8 သန်းနဲ့ ၀ယ်ပြီး လက်ရှိ ပေါက်ဈေးက တော့ ၁၀ သန်း လောက် တန် နေပါပြီ။ Mark Hills Villa လို့ ခေါ် တဲ့ နာမည်ကြီးတွေ နေတဲ့ နေရာ က တိုက်ခန်း တစ်ခန်းမှာ နေပါတယ်။သူဝ ယ်တုန်းက ၀မ် ၃ ဘီလီယံ လောက် တန်ဖိုးရှိပါတယ်။

#celenow