Son Ye Jin ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီးတွေထဲက တစ်ယောက်ပါ။သူမရဲ့ အသက်ကတော့ (၃၈)နှစ်ပါ။ရုပ်ရှင် သရုပ်ဆောင် လောကမှာရော ကြော်ငြာ လောကမှာပါ အောင်မြင်မှု ရထားသူပါ။ Son Ye Jin ရဲ့ ချမ်းသာကြွယ်ဝမှု အ ကြောင်းကိုတော့ lovekpop မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

내일 만나요💕 #밥잘사주는예쁜누나 #10시45분 #첫방송 🙊

A post shared by 손예진 (@yejinhand) on

သူမတို့ အနုပညာသမားတွေရဲ့ ၀င်ငွေ က တော့ တစ်နှစ်နဲ့ တစ်နှစ်မတူပါဘူး။ေ အာင်မြင်မှု အတိုင်း အတာ ပေါ် မူတည်ပြီး အ ပြောင်းအလဲ ရှိပါတယ်။ Son Ye Jin က တော့ (၂၀၁၀)တုန်းက ဇာတ်လမ်းတွဲ တစ်ပိုင်းရိုက်ရင် ၀မ် ငွေ သန်း ၂၀ က နေ ၃၀ အထိ ရပါတယ်။၂၀၁၃ မှာ တော့ အ မေရိကန်ဒေါ်လာ ၃၀၀၀၀ အထိ မြင့်တက် သွားခဲ့ပါတယ်။

 

View this post on Instagram

 

아름다운 사람들 💕 함께할수 있음에 감사합니다. 사랑해요..

A post shared by 손예진 (@yejinhand) on

ရုပ်ရှင်ကားတွေ အတွက်ဆိုရင် တော့ အနုပညာကြေးကို အဲ့လောက် အများကြီး မယူဘူးလို့ သိရပါတယ်။၂၀၁၂ တုန်းက ဆိုရင်  “Tower” ဆိုတဲ့ ရုပ်ရှင်ကားကို ၀မ်သန်း ၄၃၀ နဲ့ ရိုက်ကူးခဲ့ပါတယ်။အပြင်မှာ ထွက်ပေါ် နေတဲ့ သတင်းတွေ အရ တော့  ‘Crash Landing On You’ ဇာတ်ကား အတွက် ၀မ်သန်း ၄၀၀-၆၀၀ လောက်ရခဲ့တယ်လို့ ဖော်ပြ ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အချက်အလက် တော့ မဟုတ်ပါဘူး။ကြော်ငြာ အေဂျင်စီ တော်တော် များများက သူမကို သ ဘောကျတဲ့ အတွက် ရွေးချယ်ကြ တာ များပါတယ်။

 

View this post on Instagram

 

행복한 추석보내세요!!💕

A post shared by 손예진 (@yejinhand) on

၂၀၁၅ တစ်နှစ်တည်းမှာတင်ပဲ သူမရဲ့ ကြော်ငြာစာချုပ်က ၀မ်သန်း  ၅၀၀- ၆၀၀ လောက်ရှိပါတယ်။အိမ်ခြံ မြေ အ ဆောက်အအုံ တွေ အများကြီးရှိပါတယ်။SBS ရဲ့ “Master In The House” ဆိုတဲ့ show မှာတော့ သူမရဲ့ အိမ်ကြီးကို ထုတ်ပြခဲ့ဖူးပါတယ်။ဆိုးလ် Seokyodong မှာ ရှိတာဖြစ်ပြီး နှစ်ထပ် အိမ်ကြီးပါ။ကိုရီးယားမှာတော့ အရမ်းချမ်းသာတဲ့ လူမျိုးတွေမှ နေနိုင်တဲ့ နေရာမှာ ရှိတာပါ။

 

View this post on Instagram

 

#협상#협상무대인사 #추석엔협상 극장에서 만나요!💕

A post shared by 손예진 (@yejinhand) on

သူမက တော့ အ၀တ်အစားနဲ့ လက်ဝတ်လက်စား အတွက် လည်း ပိုက်ဆံ သုံးရမှာ ၀န် မလေးတဲ့ မင်းသမီး တစ်ယောက်ပါ။အ မေရိကန်ဒေါ်လာ 59,800 တန်တဲ့ နားဆွဲ ကို ၀ယ်ဝတ်ခဲ့ဖူးပါတယ်။အလှူတွေ လည်း လှူဖြစ်ပါတယ်။ Daegu Community Chest of Korea အဖွဲ့ အစည်းကို ၀မ်သန်း တစ်ရာ လှူခဲ့ပါတယ်။ကိုဗစ် ကူးစက်ခံရတဲ့ လူနာတွေကို ကူညီ ပေးတဲ့ နေရာမှာ သုံးဖို့ လှူခဲ့တာပါ။

#celenow