1. Daniel Henney

သူကတော့ အသက် ၃၈နှစ်အရွယ် ကိုရီးယားနဲ့အိုင်ယာလန်သွေးနှောတဲ့ လူမျိုးတစ်ယောက်ဖြစ်ပြီတော့ X-Men Origin: Wolverine, Criminal Minds: Beyond Borders စတဲ့ နာမည်ကြီး ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့ပါတယ်။ Daniel  Henney ကတော့ ခပ်မိုက်မိုက်မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် ချစ်စရာကောင်းတဲ့ အပြုံးကိုလည်း ပိုင်ဆိုင်ထားလို့ မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

2. Steven Yeun

သူကတော့ အသက် ၃၃နှစ်အရွယ် အမေရိကန်-ကိုရီးယားလူမျိုး ဟောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်ပါတယ်။သူကတော့ The Walking Dead စီးရီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိနေတဲ့ မင်းသားတစ်ယောက်ပါ။ အသက် ၃၃နှစ်နဲ့စာရင် တော်တော်ငယ်ရွယ်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

3. Lee Byung Hoon

အသက် ၄၇နှစ်အရွယ် မင်သားတစ်ယောက်ဖြစ်ပြီး ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာလည်း ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ G.I.Joe, Red 2, Terminator Genisys စတဲ့ ဇာတ်ကားတွေထဲမှာပါဝင်ပြီးခဲ့ပါတယ်။ စလင်ဒါပုံ မျက်နှာ၊ နှာခေါင်းချွန်ချွန်နဲ့ သိမ်မွေ့တဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

4. Leonardo Nam

သူကတော့ အာဂျင်တီးနား၊ သြစတျေးလျသွေးနှော အသက် ၃၇ နှစ်အရွယ် ကိုရီးယားနိုင်ငံဖွား မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ချစ်စရာအကောင်းဆုံးဆုသာပေးမယ်ဆိုရင် ဆုတွေ တစ်ပွေ့တစ်ပိုက်ကြီးရမယ့်သူပါ။ The First And The Furious: Tokyo Drift ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Westworld ဇာတ်ကားနဲ့ ပရိသတ်တွေအားပေးမှုတွေရရှိခဲ့ပါတယ်။

5. Dev Patel

သူကတော့ အိန္ဒိယလူမျိုး အသက် ၂၇နှစ်အရွယ် မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Slumdog Millionaire ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Patel ကတော့ လူတိုင်းသဘောကျကြတဲ့ ချောကလက်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

Source:Yorkfeed