ကမ္ဘာကျော်နာမည်ကြီးအဆိုတော်Taylor Swift ဟာသူမရဲ့သာယာစူးရှတဲ့အသံနဲ့ လက်ရာမြောက်တဲ့သီချင်းတွေကြောင့်ပရိတ်သတ်တွေရဲ့နှလုံးသားကိုဆွဲကိုင်ထားနိုင်သူတစ်ဦးပါ။ ဒါ့ကြောင့်လည်း Taylor ကိုချစ်တဲ့ပရိတ်သတ်တွေသိရှိနိုင်စေဖို့လူသိသိပ်မများသေးတဲ့သူမရဲ့အကြောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

(၁) တေးဆိုပိုင်းသာမကတေးရေးပိုင်းပါကျွမ်းကျင်သူ

Musical notes

Taylor ရဲ့ထွက်ရှိလာသမျှတစ်ကိုယ်တော်သီချင်းတိုင်းနီးပါးဟာသူမကိုယ်တိုင်ရေးထားတာတွေချည်းပါပဲ။ တစ်ချို့တစ်ဝက်ကိုတော့အခြားတေးရေးတေးဆိုဆရာတွေနဲ့စပ်တူရေးသားထားပေးမယ့်အများစုကတော့သူမရေးသားထားတာတွေချည်းပါပဲ။ ဒါ့ကြောင့်လည်းသူမရဲ့သီချင်းတိုင်းဟာအသက်ဝင်နေတဲ့သီချင်းကောင်းတွေဖြစ်နေရတာပါ။ Billboard ရဲ့ Hot Country Song Chart မှာနံပါတ်တစ်ဖြစ်ခဲ့တဲ့ “Our Song” ကိုလည်း Taylor ကိုယ်တိုင်ရေးသားခဲ့တာပါ။

 

(၂) သူမရဲ့ပရိတ်သတ်တွေကိုလည်းရင်းနှီးစွာဆက်ဆံတတ်သူ

 Taylor ဟာ Celebrity တစ်ယောက်ဖြစ်သော်ငြားလည်းသူမရဲ့ပရိတ်သတ်တွေနဲ့ဆိုရင်တော့တရင်းတနှီးပြောဆိုဆက်ဆံတတ်သူပါ။ သူမဟာ Instragram, Facebook, Twitter လို Social Media တွေမှာလည်းသူမရဲ့ပရိတ်သတ်တွေကိုအချိန်ရရင်ရသလိုစကားစမြည်းပြောတာမျိုး၊ ပို့စ်တွေအောက်မှာ Comment ပေးတာမျိုးလေးတွေလည်းလုပ်တတ်ပါသတဲ့။

(၃) Apple ကို Open Letter ပို့ခဲ့တဲ့သူ

Apple ကုမ္ပဏီဟာအဆိုတော်တွေရဲ့ music streaming အတွက်၃လစာအခမဲ့စစ်ဆေးပေးတဲ့ Apple Music ကိုမလုပ်ပေးနိုင်တော့ကြောင်းထုတ်ပြန်ခဲ့တာကြောင့်Taylor ဟာ “To Apple, Love Taylor” ဆိုတဲ့ခေါင်းစဉ်နဲ့ Open Letter တစ်စောင်ကိုရေးသားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး Vogue ကမေးမြန်းခဲ့တဲ့အခါမှာတော့ Taylor ကဒီလို Opeen letter ရေးခဲ့တာဟာသူမအတွက်တော့သူမလုပ်ခဲ့သမျှတွေထဲမှာအရဲရင့်ဆုံးလုပ်ရပ်တစ်ခုပါပဲလို့ပြောသွားခဲ့ပါတယ်။

(၄) ပရဟိတလုပ်ငန်းတွေလည်းတခဲနက်လုပ်ဆောင်သူ

Taylor ဟာ၂၀၁၆ သြဂုတ်လမှာ Louisiana ရေဘေးသင့်ပြည်သူတွေအတွက်ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ပါတယ်။ ဒ့ါအပြင်အရှေ့တန်နက်စီ(Tennessee)ဒေသရဲ့တောမီးလောင်ကျွမ်းမှုရန်ပုံငွေအတွက်Dollywood Foundation ကိုလည်းဒေါ်လာတစ်သိန်းလှူဒါန်းခဲ့ပါသေးတယ်။ Taylor ဟာ LGBTအဖွဲ့အစည်းတွေ၊ အစိုးရကျောင်းတွေမှာလည်းနှစ်စဉ်လှူဒါန်းခဲ့တဲ့အပြင်ကင်ဆာရောဂါဝေဒနာသည်တွေအတွက်”Stand Up to Cancer”ဆိုတဲ့အစီအစဉ်ကိုလည်းပရဟိတအနေနဲ့ထုတ်လွှင့်ပေးခဲ့ပါတယ်။

(၅) Taylor ရေးခဲ့တဲ့ပထမဆုံးသီချင်း

Taylor ရေးခဲ့တဲ့ပထမဆုံးသီချင်းကတော့”Lucky You“ဖြစ်ပြီး၊ သူမအသက် ၁၂ နှစ်မှာရေးသားခဲ့တာပါ။ ဒီသီချင်းဟာသူမရဲ့ပထမဆုံးပွဲဦးထွက်အယ်လ်ဘမ်မှာမပါဝင်ခဲ့ပေမယ့်သူမရဲ့ဒုတိယအနေနဲ့ရေးသားခဲ့တဲ့”The Outside”ကတော့ပါဝင်ခဲ့ပါတယ်။

(၆) Taylor ရဲ့ပထမဆုံးဂီတအနုပညာခြေလှမ်း

NASHVILLE, TN – NOVEMBER 09: Taylor Swift performs at the 45th annual CMA Awards at the Bridgestone Arena on November 9, 2011 in Nashville, Tennessee. (Photo by Rick Diamond/Getty Images)

သူမကိုအဆိုတော် Taylor Swift ရယ်လို့မသိကြသေးခင် အသက်၁၄နှစ်အရွယ် Taylor ဟာ CMA Music Fest မှာအလုပ်သင်ဘဝနဲ့စတင်ခဲ့ပါတယ်။

အလုပ်သင်ဘဝနဲ့ပတ်သတ်ပြီးသူမပြောပြခဲ့တာက”အဲ့တုန်းက တကယ်လို့တစ်နေ့မှာလူတွေက သူမရဲ့လက်မှတ်ကိုရဖို့တန်းစီနေကြမယ့်အဖြစ်မျိုးရှိလာမယ်ဆိုရင်တော့ အဲ့နေ့ဟာ သူမအတွက်အရမ်းကိုပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်နေမှာပဲလို့စိတ်ကူးယဉ်ခဲ့ပါတယ်”တဲ့။

(၇) သူမရဲ့ပထမဆုံးအလုပ်အကိုင်

သူမရဲ့ပထမဆုံးအလုပ်ကတော့ခရစ်စမတ်သစ်ပင်ပေါ်ကရှိခိုးကောင်တွေကိုဖယ်ရတဲ့အလုပ်ပါတဲ့။ အထူးအဆန်းပဲနော်။ ခရစ်စမတ်သစ်ပင်တောမှကြီးပြင်းခဲ့ရတဲ့ Taylor ဟာခရစ်စမတ်သစ်ပင်တွေပေါ်မှာရှိခိုးကောင်တွေ၊ ကြမ်းပိုးလိုအင်းဆက်ကောင်တွေအကောင်မပေါက်စေဖို့နဲ့ အပင်ကိုပိုးမကိုက်စေဖို့ဂရုစိုက်ရတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါသတဲ့။

(၈) ခရစ်စမတ်လက်ဆောင်အနေနဲ့ရေးသားခဲ့တဲ့သီချင်း

Taylor ဟာသူမအမေအတွက်ခရစ်စမတ်လက်ဆောင်အနေနဲ့”The Best Day“ဆိုတဲ့သီချင်းကိုရေးသားခဲ့ပါတယ်။ ဒီသီချင်းကို Tour တွေမှာဆိုတိုင်းသူမအမေဟာ Stage နောက်မှာအမြဲငိုတတ်တာကြောင့် နောက်ပိုင်းမှာတော့ Taylor ဟာဒီသီချင်းကိုသီဆိုခြင်းမရှိတော့ပါဘူးတဲ့။

(၉) မန်နေဂျာမထားတဲ့ Taylor

Taylor ရဲ့အနုပညာသက်တမ်း ၁၁နှစ်တာကာလတစ်လျှောက်ဘယ်မန်နေဂျာမှမထားဘဲသူမရဲ့ Schedule တွေကိုပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ခဲ့ပါတယ်။ အနုပညာသည်တိုင်းမန်နေဂျာရှိမှအဆင်ပြေနေတဲ့ခေတ်မှာ Taylor ဟာသူမအလုပ်တွေကိုမန်နေဂျာမရှိပဲပိုင်ပိုင်နိုင်နိုင်လုပ်သွားတာဟာလည်းသူမရဲ့အံဖွယ်အရည်အချင်းပါပဲ။

(၁၀) ဆုတံဆိပ်တွေနဲ့အိမ်ကိုအလှဆင်သူ

Taylor အများအပြားရရှိခဲ့တဲ့ Grammy Award တွေကိုစင်နဲ့ထားလေ့မရှိဘဲသူမရဲ့အိမ်မှာအလှဆင်သလိုထားလေ့ရှိပါသတဲ့။ MTV Moonman ဆုကိုမီးဖိုစင်ပေါ်မှာထားပြီး၊ ရေချိုးခန်းမှာ Grammy ဆုတစ်ဆု၊ ငှက်လှောင်အိမ်ထဲမှာတော့ ၂၀၁၀တုန်းကရခဲ့တဲ့ Grammy ဆုကိုထားပါသတဲ့။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။