Kim Kardashian ကတော့ Sexy ကျကျ ကောက်ကြောင်း အလှပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံထားရတဲ့ TV Star တစ်ယောက်ပါ။ သဲနာရီလို ကောက်ကြောင်း အလှပိုင်ရှင် Kim ကတော့ လက်တလောမှာတော့ ဆိုရှယ်မီဒီယာ အသုံြး ပုသူတစ်ချို့ရဲ့ ပြင်းပြင်းထန်ထန် Body-Shaming လုပ်တာကို ခံနေရပါတယ်။ သူမရဲ့ ခြေသည်း၊ ခြေချောင်းတွေကို ဝေဖန် ပြောဆိုနေကြတာပါ။

Kim ဟာ မကြာသေးမီက Turks and Caicos  ကျွန်းကို အလည်သွားခဲ့ပါတယ်။ ကမ်းခြေရောက်ပုံကို တင်ခဲ့ပါ တယ်။ အသက်(၃၇)နှစ်ရှိနေတဲ့  Kim က ကမ်းခြေက ခုံမှာလှဲနေပြီး သူမရဲ့ အောက်ပိုင်း body ပုံကို ရိုက် ထားတဲ့ ပုံပါ။အဲ့ဒီမှာပဲ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက သူမရဲ့ ခြေသည်းတွေကို သတိထားမိခဲ့တာပါ။ တွစ်တာအသုံးပြုသူေ တွက သူမရဲ့ ခြေထောက်ကို စက်ဆုပ်ရွံရှာဖွယ်တစ်ခု အဖြစ် ဝေဖန်ပြောဆိုခဲ့ပါတယ်။ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ခြေသည်း ၊ ခြေချောင်းတွေဆိုပြီး မူရင်းပုံကို Crop လုပ်ကာ ဆိုးဆိုးရွားရွား ဝေဖန်ခဲ့ကြတာပါ။

ဝေဖန်သူတစ်ယောက်ကဆိုရင် “Kim ရေ .. နင့်ကိုတော့ ကြိုက်ပါတယ်.ဒါပေမယ့် ဒါက နင့်ရဲ့ ခြေသည်း တွေလား..” ဆိုပြီး ရှုတ်ချခဲ့သလို..”ပုပ်ပွနေပုံတွေ ပုံပေါ်တယ်..” ဆိုပြီး ဆိုးဆိုးရွားရွား မှတ်ချက်ပေးတဲ့ Comment တွေ လည်း ဆိုရှယ်မီဒီယာပေါ်မှာ ပလူပျံနေခဲ့ပါတယ်။သူမရဲ့ ခြေသည်းနဲ့ပတ်သက်ပြီး  ပြင်းပြင်းထန်ထန် ဝေဖန် နေတဲ့ Comment တွေကို တုံ့ပြန်တဲ့ အနေနဲ့ Kim က သဲထဲမှာ ချထားတဲ့ သူမရဲ့ ခြေထောက် ပုံကို တင်ခဲ့ပါတယ်။ အ၀ါရောင် ခြေသည်းနီ ဆိုးထားတဲ့ ခြေချောင်းတွေကိုပဲ ရိုက်ထားတဲ့ပုံပါ။

သူမရဲ့ခြေထောက်က ဝေဖန်သူတွေ ပြောနေသလို မဟုတ်ပဲ အနာအဆာကင်းလှပတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့ တင်လိုက်ပုံရပါတယ်။ ဒါပေမယ့် ဝေဖန်ရှုတ်ချမှုတွေက ရပ်မသွားပဲ ပိုဆိုးလာခဲ့ပါတယ်။ ဝေဖန်သူတစ်ချို့က ဆိုရင် “Kim ရေ နင့်ရဲ့ ခြေချောင်း တွေက ကြီး ပြီး ၀ိုင်းဝိုင်းကြီး ..ကျေးဇူးပြုပြီး ဒီဓါတ်ပုံကို ဖျက်လိုက်ပါ..” နောက်တစ်ယောက်ကဆိုရင် ..” မျက်နှာကတော့ လှပါတယ်.. ဒါပေမယ့် ခြေချောင်းတွေကတော့ မမိုက်ဘူး..”ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

source dailymail