2018 Grammy ဆုအတွက် ပဏာမရွေးချယ်ခံလိုက်ရတဲ့ စာရင်းထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီစာရင်းထဲမှာတော့ Selena Gomez ပါဝင်ခြင်းမရှိခဲ့ပါဘူး။ Selena Gomez ကတော့ ချစ်သူအပေါ်ကောင်းကောင်းကြီးပံ့ပိုးပေးနိုင်တဲ့ မိန်းကလေးပါ။ ပဏာမစာရင်းမှာ သူမ မပါပေမယ့် ချစ်သူ Justin Biber  ပါဝင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်နေတယ်လို့ သိရပါတယ်။

Selena က ဂျက်စတင် Grammy ပဏာမစာရင်းဝင်ခဲ့တဲ့ အတွက် အရမ်းကို ဂုဏ်ယူနေပါတယ် လို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ “Selena က JB အတွက် အရမ်းကို ပျော်နေပါတယ်။ ဂျက်စတင်ဟာ သူ့ရဲ့ဂီတအတွက် အချိန်နဲ့ စွမ်းအင်တွေ အများကြီး စိုက်ထုတ်ခဲ့ကြောင်း၊ သူ့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုခံရလို့ ဂျက်စတင်တစ်ယောက် ဘယ်လောက်တောင်ပျော်နေမလဲ ဆိုတာကို Selena က ကောင်းကောင်းကြီးနားလည်သူပါ။ သူမရဲ့သီချင်းတွေမပါတဲ့အတွက် ၀မ်းနည်းမှုကို ဂျက်စတင်အတွက် ပျော်ရတဲ့ အပျော်နဲ့ အစားထိုးပြီးကျေနပ်ပျော်ရွှင်နေတယ်” လို့ သိရပါတယ်။

Justin Bieber featuring သီဆိုထားတဲ့ Despacito (Luis Fonsi & Daddy Yankee)သီချင်းဟာ Record Of The Year ၊ Song Of The Year ၊ Best Pop Duo/Group Performance ဆုတွေရဲ့ ပဏာမစာရင်းမှာ ထည့်သွင်းခြင်းခံထားရပါတယ်။

ref;hollywoodlife

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။