ဂျာမနီအခြေစိုက် နာမည်ကျော် Brand တစ်ခု ဖြစ်တဲ့ PUMA ကတော့ သူ့ရဲ့ အသစ်ထွက်မယ့် Phenom-Sneakers ဖိနပ်ကြော်ငြာကို Selena Gomez နဲ့ ရိုက်ကူးခဲ့ပါတယ်။ Puma Campaign မှာပါဝင်ပေးထားတဲ့ သူမရဲ့ ဓါတ်ပုံတွေကို Selena က သူမရဲ့ Instagram မှာ share ထားကြောင်း Daily Mail မှာဖော်ပြထားပါတယ်။

“ကျွန်မရဲ့ ပထမဆုံး PUMA Phenom ရဲ့ ကြော်ငြာကို ရှယ်ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ် ဆိုပြီး caption မှာပါ ရေးပြီး ရှယ်ထားပါတယ်။ ပုံတွေထဲမှာတော့ နီညိုရောင် အင်္ကျီ၊ မီးခိုးရောင်အားကစားဘောင်းဘီတိုကို ၀တ်ဆင်ထားပါတယ်။ အနက်ရောင်ဂျက်ကတ်ကိုတော့ အပြည့်ဝတ်မထားပဲ တစ်ဝက်ပဲဝတ်ထားပါတယ်။

ဆံပင်စတိုင်ကတော့ အနက်ရောင်ပါ။ American Music Awards ပွဲကိုတက်တုန်းက ပြောင်းလိုက်တဲ့ hairstyle မျိုး မဟုတ်ပါဘူး။ ဆံပင်စတိုင်မပြောင်းခင်တုန်းက ရိုက်ထားတဲ့ပုံတွေလို့ ယူဆရပါတယ်။ ခြေထောက်မှာတော့ Phenom-Sneakers တွေကို ၀တ်ထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။