Selena Gomez ကတော့ ပြန်ပေါင်းထုပ်ခဲ့တဲ့ ချစ်သူ JB နဲ့ လမ်းခွဲလိုက်ပါပြီ။လမ်းခွဲပြီးနောက်ပိုင်း ကြေကွဲဝမ်းနည်းနေပုံမျိုးတော့ မတွေ့ရပဲ နှစ်ယောက်လုံးက အေးဆေးပါပဲ။အခုလည်း Selena တစ်ယောက် သြစတြေးလျ က ဆစ်ဒနီ မှာ အပန်းဖြေနေပါတယ်။ဘီကီနီနဲ့ မြင်ရခဲတဲ့ သူမကို ဘီကီနီဝတ်စုံနဲ့ တွေ့လိုက်ရပါတယ်။ဒါဟာ ကျောက် ကပ် အစား ထိုးခွဲစိတ်မှုအပြီး ပထမဆုံးအကြိမ် သူမကို ဘီကီနီနဲ့ မြင်ရတာပါ။

အပျော်စီးသဘောင်္ပေါ်မှာ အနားယူအပန်းဖြေနေတဲ့ ပုံတွေ ထွက်လာပါတယ်။ပုံထဲမှာတော့ အမျိုးသားတစ်ယောက်နဲ့ အရမ်းကို ရင်းနှီးတဲ့ အနေအထားမျိုးနဲ့ တွေ့လိုက်ရတာပါ။အားလုံးက JB မဟုတ်တာတော့သိပေမယ့် ဘယ်သူ ဘယ်ဝါ ဆိုတာကို အစတုန်းက မသိခဲ့ကြပါဘူး။ဒါပေမယ့် နောက်ပိုင်းကျမှ အဲ့ဒီအမျိုးသား ဘယ်သူဆိုတာကို သိလိုက် ရပါတယ်။သူကတော့ Selena ရဲ့ သူငယ်ချင်းလို့ သိရပါတယ်။နာမည်ကတော့ Johnny Rays ပါ။သူတို့နဲ့ အတူ တခြား သူငယ်ချင်းတွေလည်း အပျော်စီးသင်္ဘောပေါ်မှာ အတူ လိုက်ပါခဲ့ပါတယ်။

Anna Collins(အပျော်စီးသင်္ဘောမှာ လိုက်ပါတဲ့ တခြားသူငယ်ချင်း)ဆိုသူက Rays ရဲ့ IG  Story ကို ရှယ် ထားပါတယ်။ပါပါရာဇီတွေကလည်း သူတို့နှစ်ယောက်ရဲ့ပုံတွေကို အမိအရ ရိုက်ကူး ခဲ့တာပါ။ဒါပေမယ့် ဒါဟာ Selena Gomez နဲ့ Johnny Rays ကို ပထမဆုံးအကြိမ် အတူတွဲတွေ့တာမဟုတ်ပါဘူး။ နိုဝင်ဘာတုန်းက သူတို့နှစ်ယောက် IG မှာ Live လွှင့်ခဲ့ဖူးပါတယ်။

Rays ဟာ Selena နဲ့ JB တို့ မကြာခဏ သွားနေတဲ့ ဘုရားကျောင်း  Hillsong က Young & Free ဆိုတဲ့ Band အဖွဲ့ဝင်တစ်ယောက်ပါ။ ဆစ်ဒနီအခြေစိုက်တစ်ယောက်ဖြစ်ပြီး Hillsong Young & Free အတွက် Brand Manager အဖြစ် ဆောင်ရွက်ပေးနေသူပါ။ JB နဲ့  လမ်းခွဲပြီးနောက်ပိုင်း Selena ကတော့ လော့အိန်ဂျလိစ်နဲ့ ဝေးရာ မှာနေဖို့ တောက်လျောက်ခရီးထွက်နေတာကို တွေ့ရပါတယ်။တလောတုန်းကလည်း သူမရဲ့ မိသားစုနဲ့ အတူ တက္က ဆက် ကို အလည်သွားခဲ့ပြီး အခုလည်း ဆစ်ဒနီကို ရောက်နေပါတယ်။ လက်တလောမှာတော့ Johnny Rays နဲ့က သူငယ်ချင်းဆိုပေမယ့် ပရိသတ်တွေကတော့ အရမ်းရင်းနှီးတဲ့ သူတို့ရဲ့ အနေအထားကြောင့် သူငယ်ချင်းအဆင့်ထက် များ ပိုနေပြီလားလို့ သံသယ၀င်နေကြပါတယ်။

source elle.