Selena Gomez  ကတော့ နောက်ဆုံးမှာတော့ JB နဲ့ ပြန်ပေါင်းထုပ်နေတဲ့အကြောင်းကို ၀န်ခံ လိုက်ပါပြီ။သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး Billboard မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ ၀န်ခံခဲ့ ပါ တယ်။သူမရဲ့ အရင်ရည်းစားဟောင်း The Weeknd နဲ့(၁၀)လကြာ ဇာတ်လမ်းကို အဆုံးသတ် ပြီး အခင်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေပါတယ်လို့ ပြောလိုက်ပါတယ်။”ကျွန်မ အသက် ၂၅ ဖြစ်နေ ပြီ။(၁၈)၊(၁၉)၊(၂၀)လည်း မဟုတ်ဘူးလေ။ကျွန်မဘ၀အတွက်ထိရောက်အရေးပါတဲ့သူတွေကို ကျွန်မ ချစ်ပါတယ်။အရင်တုန်းက အဆင်မပြေခဲ့တာတွေလည်း ရှိချင်ရှိနိုင်လိမ့်မယ်” လို့ ပြောခဲ့ပါ တယ်။Selena နဲ့ JB တို့ဟာ (၂၀၁၀)လောက်ကစပြီး ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ သူတို့ရဲ့ ပတ်သက်မှုကို နောက်ဆုံးမှာတော့ လုံးဝအဆုံးသတ်ပစ်ခဲ့တာပါ။The Weeknd နဲ့လမ်းခွဲပြီး မကြာ သေးမီကမှ ပြန်ပြီး စတင်ခဲ့ကြပါတယ်။

The Weeknd  နဲ့က သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေမယ်လို့ ပြောပေမယ့် နှစ်ယောက်လုံး ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ Unfollow လုပ်ခဲ့ပါတယ်။The Weeknd ကဆိုရင် Selena နဲ့ အရင်တုန်းက တင်ထားခဲ့တဲ့ Post တွေအားလုံးကို ဖျက်ပစ်ခဲ့ပါတယ်။”ကျွန်မနဲ့ The Weeknd နဲ့ ကြားမှာ စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံရေး ဆက်ရှိနေတဲ့အတွက် တကယ်ပဲဝမ်းသာရပါတယ်။ဒီလို မျိုး ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မခံစားခဲ့ဘူးပါဘူး။သူငယ်ချင်းကောင်းတွေ အဖြစ် ကျွန်မ တို့ အဆုံးသတ်ခဲ့ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ရိုးသားစွာ အားပေးစောင့်ရှောက်ခဲ့ကြတယ်။ဒါဟာ ကျွန်မအတွက် တကယ်ပဲ ကောင်းမွန်တဲ့ အမှတ်ရစရာလေးတွေပါ” လို့ ဖြေခဲ့ပါတယ်။

Selena ဟာ သူငယ်ချင်းဖြစ်သူFrancia Raisa ဆီကနေ  ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့ပါတယ်။ခွဲစိတ်မှုကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကြောင့် အစပိုင်းမှာတော့ နေရတာ အဆင်မပြေ တာမျိုးရှိခဲ့ပေမယ့် နောက်ပိုင်းတော့ အဆင်ပြေသွားတယ်လို့ ပြောခဲ့ပါတယ်။Selena  ဟာ Billb oard’s Woman Of The Year ဆုရရှိခဲ့ပါတယ်။အဲ့ဒီအတွက် Billboard နဲ့ အင်တာဗျူး ဖြေ၊ ဓါတ်ပုံရိုက်တာတွေ လုပ်ပေးခဲ့တာပါ။Billboard’s Woman Of The Year ဆု ကိုတော့  Mad onna, Lady Gaga, Taylor Swift,  Beyonce တို့လည်း ရခဲ့ဖူးပါတယ်။

from daily mail

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။