Selena Gomez နဲ့ JB တို့ရဲ့ အချစ်ရေးခရီးလမ်းကတော့ ထင်သလောက် မလွယ်ကူဘဲ ကြမ်းတမ်းစပြုနေပါပြီ။ ပြန်ပေါင်းထုပ်ချိန်မှာ နှစ်ယောက်လုံးကလည်း အဆင်ပြေ၊ JB ရဲ့ မေမေဘက်ကလည်း အဆင်ပြေပေမယ့် Selena တို့ဘက်ကတော့ JB ကို လက်မခံနိုင်ဖြစ်နေကြပါတယ်။

Selena Gomez ရဲ့ မိခင် Mandy Teefey နဲ့ Selena တို့ဟာ Instagram မှာ တစ်ယောက်နဲ့ တစ်ယောက် Unfollow လုပ်ထားကြတာကို တွေ့ရပါတယ်။ ဒါကိုတော့ Selena ရဲ့ ပရိသတ်တွေက သတိထားမိခဲ့ကြတာပါ။ ဒီအကြောင်းတွေဟာ TMZ ကနေ ဖော်ပြလိုက်တဲ့သတင်းအပြီးမှာ Unfollow ကိစ္စပေါ်လာတာပါ။ အဲဒီသတင်းမှာတော့ Selena ရဲ့မေမေ Mandy ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆေးရုံတင်လိုက်ရပါတယ်။ အကြောင်းကတော့ JB နဲ့ပတ်သက်ပြီး သားအမိတွေကြား စကားများခဲ့ရာကနေ Selena မေမေ ဆေးရုံရောက်သွားတယ်ဆိုပြီး ဖော်ပြခဲ့တာပါ။

TMZ ရဲ့ ဖော်ပြချက်အရ Selena ရဲ့မိသားစုတွေဘက်ကတော့ JB ကို လုံးဝလက်ခံပေးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Selena နဲ့ JB တို့ လမ်းခွဲပြတ်စဲပြီးနောက်ပိုင်းကစပြီး Selena တို့မိသားစု၊ ဆွေမျိုးတွေက JB ကို လုံးဝ အမြင်မကြည်ကြတော့တာပါ။ ဆွေမျိုးတွေက၀ိုင်းပြီး နားချလို့ Mandy ကို ဆေးစစ်ဖို့ လော့အိန်ဂျလိစ်မှာရှိတဲ့ လူမှုဖူလုံရေးစင်တာကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ Selena မိသားစု အသိုင်းအ၀ိုင်းမှာတော့ Jb က လုံးဝ အနုတ်လက္ခဏာ ပြနေတဲ့သူဖြစ်ပြီး JB ကို Selena အနားကနေ ဝေးဝေးနေစေ ချင်နေကြတာပါ။

People ရဲ့ဖော်ပြချက်မှာတော့ Mandy ဟာ ဆေးရုံမှာ ဆေးစစ်ရုံပဲဖြစ်ပြီး ဒီကိစ္စဟာ JB နဲ့ မဆိုင်ဘူးလို့ ဖော်ပြထားပါတယ်။ Mandy အတွက် စိတ်ဖိစီးမှုတွေများနေတဲ့အချိန်ဖြစ်တာကြောင့် သူမကိုယ်တိုင် ဆေးစစ်ဖို့ ဆုံးဖြတ်ပြီး ဆေးရုံသွားခဲ့တာဖြစ်ကြောင်း၊ အခြေအနေကလည်း အကုန်ကောင်းကြောင်း၊ JB နဲ့ မဆိုင်ဘူးလို့ ပြောထားပါတယ်။ JB ဘက်ကနေထွက်လာတဲ့ သတင်းမှာတော့ Selena မိသားစုက သူ့အပေါ် မနှစ်သက်တာကိုတော့ JB ကိုယ်တိုင်လည်း သိကြောင်း၊ ဒါပေမယ့် သူအရင်လိုမဟုတ်တော့ကြောင်း သက်သေပြဖို့ JB က ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ JB ကြောင့် Selena နဲ့ သူမ အမေ Mandy တို့ စကားများပြီး Mandy ဆေးရုံတက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းဖော်ပြချက်တွေမှာ ကွဲလွဲမှုတွေရှိနေပါတယ်။ သေချာတာကတော့ Selena နဲ့ သူမရဲ့ မိခင်ကြားမှာတော့ ဆက်ဆံရေးတင်းမာမှုတွေရှိပြီး IG မှာ အပြန်အလှန် unfollow လုပ်ထားကြပါတယ်။

from daily mail