Selena Gomez ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က LA’s Microsoft Theater မှာ ကျင်းပခဲ့တဲ့ 2017 American Music Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ သူမရဲ့ သီချင်း Wolves နဲ့တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ ကြည့်ရှုသူတွေက Selena Gomez  ရဲ့ တင်ဆက်မှုကို ချီးကျူးပြောဆိုခဲ့ကြပေမယ့် တစ်ချို့ကတော့ ဒီပွဲမှာ Selena ဟာ တကယ်သီဆိုတာမဟုတ်ဘဲ Background Music ဖွင့်ပြီး ဆိုသလိုဟန်လုပ်(Lip Sync) တယ် ဆိုပြီး ဝေဖန်ပြောဆိုနေကြပါတယ်။

တွစ်တာအသုံးပြုသူတစ်ယောက်ကဆိုရင် ဒါဟာ ဂီတလောကမှာ ‘အကြီးအကျယ်လိမ်ညာမှုပဲ၊ ဒီလိုလုပ်လိမ့်မယ်လို့တောင် မထင်မိဘူး’ ဆိုပြီး ပြောခဲ့ပါတယ်။ တစ်ချို့ကဆိုရင်လည်း Selena Gomez က LIVE မဆိုနိုင်ဘူး။ ဒါပေမယ့် ဘာလို့ နောက်ကနေ သီချင်းဖွင့်တယ်ဆိုတာကို ၀န်မခံရတာလဲဆိုပြီး အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာပါ။ Pink တစ်ယောက် ၀ိုင်ယာတွေနဲ့ Performance လုပ်ပြီး တင်ဆက်တုန်းကတောင်မှ LIVE သီဆိုခဲ့တယ်ဆိုပြီး နှိုင်းယှဉ်ဝေဖန်ခဲ့ကြပါတယ်။

အဲဒီပွဲမှာတော့ Selena က Wolves ဆိုတဲ့ သီချင်းကို Music Producer Marshmello နဲ့ အတူ  ပူးပေါင်းတင်ဆက်ခဲ့တာပါ။ အဖြူရောင်ညအိပ်ဝတ်စုံလေးကိုဝတ်ပြီး စင်ပေါ်မှာဖျော်ဖြေခဲ့တာပါ။ ဒီပွဲမှာတော့ ဆံပင်ကာလာသစ်နဲ့ အရမ်းလန်းနေတဲ့ Selena Gomez ကို တွေ့ရမှာပါ။

from daily mail

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။