(၂၄)ကြိမ်မြောက်ကျင်းပခဲ့တဲ့ Screen Actors Guild ဆုပေးပွဲကိုတော့ ဟောလိဝုဒ်အနုပညာပေါင်းစွာ တတ်ရောက်ခဲ့ကြပါတယ်။ ဒီဆုပေးပွဲကို တတ်ရောက်ခဲ့ကြတဲ့ အနုပညာတွေအနက် အလှဆုံးပွဲတတ်ဝတ်စုံတွေ ဝတ်ဆင်ပြီး စိန်တွေကျောက်တွေ တ၀င်းဝင်းနဲ့လှပနေတဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Susan Sarandon
Susan Sarandon ၀တ်ဆင်လာတဲ့ ပွဲတတ်ဝတ်စုံလေးကတော့ ပခုံးလျောပုံစံဖြစ်ပြီး အရောင်ကလည်း အသားကို ပေါ်လွင်စေတဲ့အရောင်ဖြစ်လို့ အရမ်းကို လှနေပါတယ်။
(၂) Allison Williams
Allison Williams ကတော့ Get Out ရုပ်ရှင်ဇာတ်ကားရဲ့ ဗီလိန်မင်းသမီးပဲဖြစ်ပြီး သူမ၀တ်ဆင်ထားတဲ့ ၀တ်စုံအရောင်ကတော့ အဖြူရောင် ဖြစ်ပါတယ်။ စိန်တွေ၊ ကျောက်တွေ ထိုးထားပြီး ဂါဝန်အောက်မှာတော့ တွဲလောင်းပုံစံ ဆင်မြန်းထားပါတယ်။
(၃) Nicole Kidman
Nicole Kidman ရဲ့ ပွဲတတ်ဝတ်စုံအရောင်ကတော့ အသားဆောင်တဲ့ အရောင်ဖြစ်ပြီး ဒီဝတ်စုံလေးနဲ့ အရမ်းကို နုပျိုနေပါတယ်။ ဒီပွဲအတွက် အလှဆုံးပွဲတတ်ဝတ်စုံထဲမှာ သူမရဲ့ဝတ်စုံပါနေပါတယ်။
(၄) Tracee Ellis Ross
ဒီဆုပေးပွဲအတွက် Tracee Ellis Ross ရဲ့ ပွဲတတ်ဂါဝန်လေးက အလှဆုံးတွေထဲက တစ်ခုပါ။
(၅) Halle Berry
Halle Berry ရဲ့ ပွဲတတ်ဝတ်စုံကတော့ ဇာနဲ့တွဲချုပ်ထားတဲ့ပုံစံဖြစ်ပြီး သူမနဲ့လည်း အရမ်းကြည့်ကောင်းနေခဲ့ပါတယ်။
(၆) Margot Robbie
Margot Robbie ကတော့ ပန်းနုရောင် ပွဲတက်ဂါဝန်လေးနဲ့ အရမ်းကိုလှနေခဲ့ပြီး အနီရောင် ကောဇောထက်မှာ ပနာရလို့ နေပါတယ်။
source : mirror