ဆံပင်နီနီလေးနဲ့ Ron ကိုတော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့နဲ့အတူတူ Harry Potter ရုပ်ရှင်ကားတွေထဲ ဆယ်စုနှစ်တစ်ခုကြာအောင် အတူတူရှိနေပေးခဲ့တဲ့ Ron Waesley အဖြစ် သရုပ်ဆောင်ခဲ့တာကတော့ သရုပ်ဆောင် Rupert Grint ပဲဖြစ်ပါတယ်။
Rupert Grint ဟာ Harry Potter ပြီးသွားကတည်းကိုက အနုပညာလှုပ်ရှားမှုတွေ ဆက်ပြီး မလုပ်တော့ဘဲနဲ့ ပရဟိတွေလုပ်ရင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကာ အေးအေးဆေးဆေးနေနေခဲ့တာပါ။ ရေခဲမုန့်ရောင်းတဲ့ ကားလေးနဲ့ ပတ်ပေးနေတဲ့ သတင်းတွေလည်း ရှိနေပြန်ပါသေးတယ်။

အခုလည်း Rupert Grint တစ်ယောက် ဂင်းနစ်စံချိန်တစ်ခုကို အမှတ်မထင်ဘဲနဲ့ ချိုးလိုက်ခဲ့ပြန်ပါပြီ။ Instagram ကြောင့်ပဲဖြစ်ပါတယ်။ Rupert Grint အနေနဲ့ social media account တွေရှိပေမယ့်လည်း active မဖြစ်တာ နှစ်တောင် တော်တော်လေး ကြာနေခဲ့ပါပြီ။ Instagram ဆိုရင် ၁၀ နှစ်တောင်ရှိပြီး account ဖွင့်ထားတာ ဒါပေမဲ့ ဘာမှကိုမတင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Rupert Grint တစ်ယောက်သမီးဦးလေး မွေးခဲ့ပြီးတော့ သမီးလေးကို ကြွားဖို့အတွက် ပုံလေးရိုက်ပြီးတော့ သူ့ရဲ့ ပထမဆုံး Instagram post ကို တင်ခဲ့တာဖြစ်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာတင်ကို like တွေ ထောင်ချီသွားပြီးတော့ follower တွေ တိုးလာခဲ့ပါတယ်။
View this post on Instagram
စုစုပေါင်းမှ post ၅ ခုပဲရှိသေးပေမယ့်လို့ Rupert ရဲ့ follower ဟာ ၄.၁ သန်းတောင်ရှိလို့နေခဲ့ပါပြီ။ အရင်တုန်းကတော့ အချိန်တိုတွင်း follow လုပ်ခံရတာ အများဆုံးဆိုတဲ့ ဂင်းနစ်စံချိန်ကိုတော့ Jennifer Anderson တစ်ယောက် ချိုးခဲ့တာဖြစ်ပေမယ့်လို့ အခုတော့ Rupert Grint က အဲဒီနေရာကို ယူသွားခဲ့ပါပြီ။

View this post on Instagram
penny