Robert Pattinson နဲ့ Suki Waterhouse တို့စုံတွဲဟာ အချစ်ရေးနဲ့ပတ်သက်ပြီးသိုသိပ်ကြသူတွေပါ။ Elle သတင်းစာမျက်နှာအရ Rob နဲ့ Suki က တွဲနေတာ ၂နှစ်လောက်ရှိပြီဖြစ်ပေမယ့် လူရှေ့မှာ ထုတ်ချစ်ကြတဲ့သူတွေမဟုတ်ပါဘူး။ အချို့ကတော့ သူတို့အတွဲဟာ တစ်နေ့လက်ထပ်ကြဖို့ ဆွေးနွေးပြီးလောက်ပြီဆိုပြီးတောင် ပြောနေကြပါတယ်။
ဒါပေမဲ့လည်း Rob နဲ့ Suki ဟာ အချိန်တော့ယူဦးမယ်ထင်ပါတယ်။ Suki က Rob နဲ့လက်ထပ်ဖို့ အတင်းဖိအားမပေးသလို သူတို့နှစ်ယောက်စလုံးဟာလည်း တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိကြတယ်လို့ပြောကြပါတယ်။ Rob နဲ့ Suki ဟာ လန်ဒန်မှာ လပေါင်းများစွာ အတူquarantine နေပြီးတဲ့နောက် နှစ်ယောက်သံယောဇဉ်က ပိုခိုင်မြဲလာတာဖြစ်ပါတယ်။
“သူတို့နှစ်ယောက်စလုံးက သိုသိုသိပ်သိပ်နေရတာကြိုက်တယ်။ ပြီးတော့ စိတ်ကူကိုယ်တူလည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကာကာချစ်ကြတယ်။” လို့ သတင်းတစ်ခုက ဆိုပါတယ်။ Rob ရဲ့မိသားစုကလည်း Rob အရင်ကတွဲခဲ့ဖူးတဲ့ကောင်မလေးတွေထက် Suki ကိုပိုသဘောကျကြောင်း သိရပါတယ်။
ဒီမတိုင်ခင် ၁၂ရက်အလိုမှာတော့ Rob ဟာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။ ဒါကြောင့် Rob ရဲ့အသစ်ထွက်မယ့်ဇာတ်ကား The Batman ထုတ်လုပ်ရေးကိုလည်း ယာယီရပ်ဆိုင်းထားခဲ့တာပါ။ Rob နှဲ့Suki တို့ဟာ အင်တာဗျူးမှာလည်း သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သိပ်ပြောလေ့ပြောထမရှိပါဘူး။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ခုနှစ် ဧပြီလတုန်းကတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဘဝထဲ သူစိမ်းတွေကိုဝင်ခွင့်ပေးလိုက်ရင် အချစ်ဟာတန်ဖိုးကျသွားတယ်ဆိုပြီးတော့လည်း Rob က Sunday Times ကိုပြောပြခဲ့ပါသေးတယ်။
CeleNow