ပြီးခဲ့တဲ့ ခရစ်စမတ်အပြီးမှာပဲ Kylie ဟာ သူ့ချစ်သူ Travis Scott နဲ့ လမ်းခွဲလိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သတင်းတွေအရတော့ Travis ဘက်က စတင်ပြီးလမ်းခွဲခဲ့တာလို့သိရပြီး Kylie ကလည်း သူမရဲ့ ကလေးမွေးရက်မတိုင်ခင် နယူးယောက်ကို ပြောင်းသွားခဲ့တယ်လို့ ကောလာဟလတွေထွက်နေခဲ့ပါတယ်။ Kylie ဟာ အသက် (၂၀)နဲ့ သူရဲ့ချစ်သူ Travis Scott ရဲ့ကိုယ်ဝန်ကို လွယ်ထားရတာပဲဖြစ်ပါတယ်။ အဲ့နောက်မှာလည်း ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုလည်း ကိုယ်ဝန်ကောလာဟလတွေနဲ့ပတ်သက်ပြီး Travis Scott က Kylie ကို ထားခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် Las Vegas က အပြန်နောက်ပိုင်းမှာပဲ သူတို့နှစ်ယောက်စလုံးအတူ အပြင်ထွက်တာတွေ မတွေ့ရတော့ဘူးလို့လည်း thesun သတင်းဌာနမှက ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Radar သတင်းဌာနကို အဖွဲ့တစ်ဖွဲ့က ‘ Travis Scott က သူ့ကလေးအတွက် သူ့အမြဲရှိနေတယ်၊ သူ Kylie ကိုလည်း ချစ်ပါတယ်၊ ဒါပေမယ့် သူတို့က စုံတွဲအနေနဲ့ဆို မလိုက်ဖက်ကြပါဘူး။ Kylie က တစ်ဖက်သတ်ဆန်တယ်’ လို့ပြောခဲ့ပါတယ်။ ထွက်လာတဲ့ သတင်းတွေအရတော့ Kylie က သူတို့ကလေးကိုကြည့်ပြီး ပြန်စဉ်းစားပေးပါ ဆိုပြီး တောင်းပန်ခဲ့တယ်လို့ ယူဆကြတယ်။