Kylie Jenner ကတော့ Kylie Cosmetics ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သလို၊ ထင်ရှားကျော်ကြားတဲ့ TV Personality တစ်ယောက်ပါ။ မကြာခင်က Kylie က ချစ်သူ Travis Scott နဲ့ လမ်းခွဲလိုက်ပြီးလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Kylie ဟာ အသက်(၂၀) ရှိပြီဖြစ်ပြီး၊ သူမရဲ့ချစ်သူ Travis Scott ရဲ့ကိုယ်ဝန်ကို လွယ်ထားရတယ်လို့ သိရပါတယ်။

Kylie ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကလည်း (၂၀၁၇) ခုနှစ် စက်တင်လဘာမှာ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိတော့ ကိုယ်ဝန်သတင်းနဲ့ ပတ်သက်ပြီး တရားဝင်ကြော်ငြာခဲ့ခြင်း မရှိသေးပါဘူး။ နောက်ပိုင်းမှာ Kylie တစ်ယောက်ကတော့ Public ရှေ့ကို လတော်တော်ကြာအောင် ထွက်မလာခဲ့ပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့အဂါင်္နေ့မှာ လူ (၃)ယောက်က Kylie အိမ်ကို ကလေးပုခက် လာရောက်တပ်ဆင်နေတဲ့ပုံတွေ မီဒီယာပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအချက်ကို ထောက်ဆခြင်းအားဖြင့် သူမမှာ ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သေချာသလောက်လို့ မီဒီယာတွေက ကောက်ချက်ချနေပါတယ်။

Kylie ကိုယ်ဝန်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ၀န်ခံခါနီးမှာပဲ Kylie ရဲ့အမေဖြစ်သူ Kris Jenner က “Kylie ကို သနားမိတယ် … ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် ဓာတ်ပုံတွေ လိုက်ရိုက်နေတဲ့သူတွေ ရှိနေတော့ မလွတ်လပ်ဘူး … ဒီလိုမျိုးလုပ်ရပ်တွေကြောင့် တကယ့်ကို စိတ်ဖိစီးရပါတယ်” ဆိုပြီး အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါတယ်။

ပရိသတ်တွေက Kris ဖြေခဲ့တာတွေနဲ့ပတ်သက်ပြီး Kylie ကိုယ်ဝန်ဆောင်နေတယ်ဆိုတာကို သွယ်ဝိုက်ပြီး ပြောနေတယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ Kylie ရဲ့ Snapchat ဗီဒီယိုမှာလည်း သူမ ကိုယ်ဝန်ဆောင်နေပြီဆိုတာကို မြင်သာစေခဲ့တယ်လို့ သိရပါတယ်။

source : dailymail.co.uk