တစ်ကမ္ဘာလုံးရဲ့ အကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ Hollywood ရုပ်ရှင်လောကရဲ့ ၂၀၁၇ ခုနှစ်အတွက် ရွေးချယ်ထားတဲ့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး မင်းသမီး(၇)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ သင်အားပေးတဲ့ မင်းသမီးပါရဲ့လားကြည့်လိုက်ရအောင်နော်။

(၁) Angelina Jolie

Angelina Jolie ဟာ အလှဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမဟာ အရည်အချင်းရှိရုံသာမက သတ္တိရှိပြီး စိတ်နှလုံးလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ချောမောလှပပြီး ညှို့အားပြင်းတဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရောပါဝင်နေသူ ဖြစ်ပါတယ်။ သူမဟာ အော်စကာဆုအပြင် ရုပ်ရှင်ဆိုင်ရာဆုများစွာကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

(၂) Scarlett Johansson

Scarlett ဟာ Hollywood ရဲ့ ဘက်စုံထူးချွန်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမဟာ လှပပြီးစတိုင်ကျရုံသာမက ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်ပိုင်း၊ အဆိုပိုင်းမှာသာမက အသွင်အပြင်ကလည်း အရမ်းကို ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက သူမကို Hollywood ရဲ့ ဆွဲဆောင်မှုအရှိဆုံးနဲ့ ညှို့အားအပြင်းဆုံး စင်ဒရဲလားလို့တောင် တင်စားကြပါတယ်။

(၃) Jessica Alba

Jessica Alba ဟာ ညှို့အားအပြင်းဆုံးနဲ့ အံ့မခန်းမင်းသမီးလက်ဖြစ်တယ်ဆိုရင် မမှားပါဘူး။ သူမဟာ ကမ္ဘာတစ်ဝှမ်းက မိန်းကလေးတွေရဲ့ အားအကျရဆုံး အသည်းစွဲမင်းသမီးတက်လက်ဖြစ်ပါတယ်။ သူမရဲ့ လှပကျော့ရှင်းတဲ့ အသွင်အပြင်နဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတို့က သူမကို Hollywood ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာစေခဲ့ပါတယ်။

(၄) Megan Fox

 

ငယ်ရွယ်ပြီးစတိုင်ကျလွန်းတဲ့ သူမဟာ ၂၀၀၁ ခုနှစ်မှာကတည်းက Hollywood ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာပါ။ အသက် ၂၇ နှစ်ပဲရှိသေးတဲ့သူမဟာ အနုပညာကြေးအမြင့်ဆုံး မင်းသမီးတွေထဲက တစ်လက်အဖြစ်ပါဝင်နေခဲ့ပါတယ်။

(၅) Emma Stone

သူမဟာ ၁၆ နှစ်ကတည်းက Hollywood ကိုရောက်ရှိခဲ့တာပါ။ သူမဟာ ငယ်ငယ်ကတည်းက ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူမဟာ အရွယ်ရောက်လာချိန်မှာတော့ ပြဇာတ်နဲ့ ရုပ်ရှင် နယ်ပယ်(၂)ခုလုံးမှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ပဲ ရိုက်ကူးရတာဖြစ်ပါတယ်။ သူမဟာ ကျော်ကြားရုံတင်မကပဲ ၂၀၁၅ ခုနှစ်တုန်းက Hollywood ရဲ့ညှို့အားအပြင်းဆုံးနဲ့ အရည်အချင်းအရှိဆုံးမင်းသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

(၆) Natalie Portman

Natalie Portman ဟာ အောင်မြင်ကျော်ကြားတဲ့ Hollywood မင်းသမီးဖြစ်ချင်တဲ့ သူမရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ အစ္စရေးကနေ အမေရိကားကို ပြောင်းလာသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အလုပ်ကြိုးစားပြီး ဇွဲလုံ့လကြီးမားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်မင်းသမီးအဖြစ်သာမကပဲ အပြည်ပြည်ဆိုင်ရာအဆင့် ဖက်ရှင်ရှိုးတော်တော်များများမှာလည်း ဝင်လျှောက်ခဲ့တဲ့ စူပါမော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

(၇) Mila Kunis

သူမဟာ ယူကရိန်းကနေ အမေရိကန်ကို (၁၃)နှစ်အရွယ်ကတည်းက မိဘတွေနဲ့အတူ ပြောင်းလာသူပါ။ သူမဟာ ကြော်ငြာပေါင်းများစွာနဲ့ တီဗီအစီအစဉ်များစွာကို ရိုက်ကူးခဲ့ပါတယ်။ သူမရဲ့အောင်မြင်မှုဟာ မိုးထိအောင်မြင့်တက်ခဲ့ပြီးနောက်မှာတော့ Hollywood ရဲ့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

Em Em(Celenow)