(၆၆)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Miss Universe အလှမယ်ပြိုင်ပွဲကိုတော့ နိုဝင်ဘာ(၂၆)ရက်နေ့က အမေရိကန် Las Vegas မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲဖြစ်တဲ့ Miss Universe 2017 မှာတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံအသီးသီးက အလှမယ် (၉၂) ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာတော့ တောင်အာဖရိက ကိုယ်စားပြု အလှမယ် Miss South Africa Demi-Leigh Nel-Peters က Miss Universe 2017 သရဖူကို ဆွတ်ခူးခဲ့ပါတယ်။ 1st runner-up ဆုကိုတော့ Colombia အလှမယ် Laura González နဲ့ 2nd runner-up ကိုတော့ Jamaica အလှမယ် Davina Bennett တို့က ဆွတ်ခူးခဲ့ပါတယ်။

Miss Universe 2017 အလှမယ်ဖြစ်ခဲ့တဲ့ Nel-Peters ကတော့ အသက်(၂၂)သာရှိသေးပြီး မကြာသေးခင်ကမှ  North-West University မှ Business Management ဘွဲ့ရခဲ့သူပါ။ Pre-taped interview အတွင်းမှာတော့ သူမရဲ့ Miss Universe သရဖူကို အသုံးချပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ (self-defense program ) တိုးတက်လာဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဖြေခဲ့ပါတယ်။ အမေးအဖြေ အစီအစဉ်မှာလည်း သူမကို အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့ အရေးအကြီးဆုံးလို့ထင်တဲ့ ကိစ္စရပ်အကြောင်းကိုမေးတဲ့အခါမှာတော့ ..

“တစ်ချို့အလုပ်ခွင်တွေမှာဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ကြပေမယ့် လစာကျတော့ (၇၅)ရာခိုင်နှုန်းလောက်ပဲ ရရှိကြောင်း၊ ဒါကိုမှန်ကန်တယ်လို့ သူမအနေနဲ့ မထင်ကြောင်း၊ အလုပ်လုပ်တာခြင်းတူရင် လုပ်ခလစာကိုလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးတွေကို လုပ်ခလစာ အတူတူခံစားခွင့်ပေးသင့်တယ်”လို့ ဖြေခဲ့ပါတယ်။အမျိုးသားနဲ့ အမျိုးသမီး လုပ်ငန်းခွင်မှာ အလုပ်အတူတူလုပ်ပေမယ့် လုပ်ခလစာခံစားခွင့်မှာ တန်းတူအခွင့်အရေးမရတဲ့ အကြောင်းကို ပြောသွားတာပါ။

ထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ဗြိတိန်၊ အမေရိကန်၊ ဘရာဇီးလ်၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနဲ့ တရုတ်နိုင်ငံကိုယ်စားပြု အလှမယ်တွေကတော့ ပြိုင်ပွဲရဲ့ Top 16 finalists စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ Miss Universe 2016 အလှမယ် ပြင်သစ်သူ Iris Mittenaere က 2017 အလှမယ်ပူနွေးနွေးလေးကို သရဖူလွှဲပြောင်း ပေးခဲ့ပါတယ်။ National Costume ဆုကိုတော့ ဂျပန်အလှမယ် Momoko Abe ကရခဲ့ပါတယ်။

from msn

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။