ကမ္ဘာကျော် ပြန်ပေါင်းထုပ်ဆယ်လီစုံတွဲတွေထဲမှာ Miley Cyrus နဲ့  Liam Hemsworth တို့ စုံတွဲလည်း ပါပါတယ်။ အဆင်မပြေမှုတွေကြောင့် လမ်းခွဲလိုက်ပေမယ့် နောက်ဆုံးမှာ ဘယ်လိုမှမပြတ်နိုင်ဘဲ ပြန်ပေါင်းထုပ်နေကြတဲ့ ဆယ်လီ စုံတွဲပါ။ Liam နဲ့ပြတ်စဲခဲ့ပြီးနောက်ပိုင်းမှာ လူမိုက်မလေး ဖြစ်ခဲ့တဲ့ Miley Cyrus ကတော့ ချစ်သူအနားပြန်ရောက်လာချိန်မှာ အရမ်းကို ပြောင်းလဲ လိမ္မာသွားခဲ့ပါတယ်။ Miley Cyrus ကတော့ ချစ်သူအပေါ် အမြဲတမ်းလိုလို ချစ်ရည်ရွှန်းလဲ့တဲ့ အကြည့်တွေနဲ့ ကြည့်တတ်ပြီး အခုထိလည်း အဲ့ဒီအကြည့်တွေ မပြောင်းလဲဘဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

ကော်ဇောနီထက်မှာ မမြင်ရတာကြာတဲ့ သူတို့စုံတွဲကိုတော့ ပွဲ (၂)ခုမှာဆက်တိုက် တွေ့ခဲ့ပါတယ်။ Hemsworth အသက် (၂၈)နဲ့  Cyrus အသက် (၂၅)တို့ဟာ မတ်လ (၄)ရက်နေ့တုန်းက ပထမပွဲအဖြစ် Elton John AIDS Foundation Oscars Viewing Party ကို တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ Miley Cyrus က သူမရဲ့ ထုံးစံအတိုင်း ချစ်သူကိုလူချောနဲ့အတူ တွဲလာရလို့ အရမ်းကို ပျော်နေပါတယ်။ ဒီပွဲမှာတော့ သူမက ပန်းရောင်ဂါဝန်လေးကို ၀တ်ဆင်ထားပြီး မိန်းကလေးဆန်ဆန်လှနေပါတယ်။

(Photo by Jamie McCarthy/Getty Images for EJAF)

အဲ့ဒီနောက်မှာတော့ သူတို့စုံတွဲဟာ Vanity Fair Party ပွဲကို မလာခင် Jimmy Kimmel ရဲ့ Oscar Afterparty  ပွဲကိုလည်း သွားခဲ့ပါသေးတယ်။ ဒီပွဲကတော့ West Hollywood မှာရှိတဲ့ The Lot မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီမှာတော့ နောက်ထပ် ၀တ်စုံတစ်စုံပြောင်းသွားပါတယ်။ Miley Cyrus ကတော့ ရွှေနဲ့အနက်ရောင်ဂါဝန်လှလှလေးကို ၀တ်ဆင် ထားပါတယ်။ ချစ်သူအနားမှာရှိတိုင်း ပျော်မြူးနေတဲ့ Miley Cyrus ကတော့ ဒီပွဲမှာလည်း ပျော်နေပါတယ်။

Miley Cyrus နဲ့  Liam Hemsworth  တို့ဟာ (၂၀၁၃) တုန်းက လမ်းခွဲ ပြတ်စဲခဲ့ကြပါတယ်။ ဒါပေမယ့် (၂၀၁၅) မှာတော့ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။ တကျော့ပြန်လည် စေ့စပ်ခဲ့ကြတဲ့ သူတို့စုံတွဲကတော့ လက်ထပ်ပြီးလောက်ပြီလို့  မီဒီယာတွေကရော ပရိသတ်တွေကပါ  အခိုင်အမာယုံကြည်နေပါတယ်။ သူတို့နှစ်ယောက်ဟာ (၂၀၁၇) ဒီဇင်ဘာတုန်းက တိတ်တိတ်လေးလက်ထပ်ပြီးပြီလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

from harpersbazaar.