Miley Cyrus နဲ့ Liam Hemsworth တို့ချစ်သူနှစ်ဦးဟာ ကမ္ဘာကျော်ချစ်သူစုံတွဲတစ်တွဲပဲဖြစ်တယ်။ Miley က Liam နဲ့ လမ်းခွဲခဲ့ပြီးနောက် သူမရဲ့ပုံစံမဟုတ်တော့လောက်အောင်ပြောင်းလဲသွားခဲ့တာ ပရိသတ်တွေ အသိပါနော်။ သူတို့အတွဲက ပြီးခဲ့တဲ့နှစ်လောက်ကမှ ပြန်လည်ပေါင်းထုတ်ထားတဲ့ အတွဲလေးပဲဖြစ်တယ်။ ပြန်လည်ပေါင်းထုတ်ပြီး (၂၀၁၆) အစောပိုင်းလောက်မှာ စေ့စပ်ခဲ့ကြတာပဲဖြစ်တယ်။

စေ့စပ်ပြီးနောက်မှာလည်း Miley ရဲ့ အဖေ Billy Ray Cyrus က Miley အဖြူဂါဝန်နဲ့ ရိုက်ထားတဲ့ ပုံကို twitter မှာတင်ခဲ့တယ်။ အဲ့ကစပြီး Mileyနဲ့ Liam လက်ထပ်တော့မယ်ဆိုတဲ့ကောလာဟလသတင်းတွေ ဆက်တိုက် ထွက်သွားခဲ့တာပဲဖြစ်တယ်။ အခုဆိုရင် Miley နဲ့ Liam တို့ချစ်သူနှစ်ဦးက တိတ်တဆိတ် လက်ထပ်လိုက်ကြပြီဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေခဲ့တယ်။

အကြောင်းကတော့ နှစ်သစ်မှာ သူတို့ချစ်သူနှစ်ဦးစလုံး သြစတြေးလျကို အလည်အပတ်ထွက်ခဲ့ကြပြီး သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ နေ့လည်စားနေတဲ့ပုံတွေ ထွက်လာခဲ့တယ်။ အဲ့မှာပဲ Miley နဲ့ Liam လက်မှာ လက်ထပ်လက်စွပ်ဝတ်ထားတာကို တွေ့ခဲ့လို့ လက်ထပ်လိုက်ကြပြီးဆိုတဲ့ ကောလာဟလတွေထွက်နေခဲ့တာပဲဖြစ်တယ်။ ဒီကောလာဟလတွေနဲ့ ပတ်သက်ပြီး Miley ရဲ့ မန်နေဂျာက သူတို့တွေ လက်ထပ်လိုက်ကြပြီဆိုတာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

source : thesun