Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သူ Margot Robbie ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Margot ရဲ့ ပရိသတ်တွေကတော့ သူမကို Harlie Quinn အဖြစ် သိကြတာဖြစ်ပြီး သူမကို ပရိသတ်တော်တော်များများ စပြီးသတိထားခဲ့မိတဲ့ ဇာတ်ကားကတော့ သူမနဲ့ နာမည်ကြီးမင်းသား Leonardo DiCaprio တို့ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ The Wolf of Wall Street ဇာတ်ကားပဲ ဖြစ်ပါတယ်။ Margot ဟာ Hollywood ရုပ်ရှင်လောကထဲမှာ ပထမဦးဆုံး စရိုက်တဲ့ ဇာတ်ကားနှစ်ကားမှာ ပထမတစ်ကားကတော့ Leonardo နဲ့ သရုပ်ဆောင်ခဲ့ရပြီး ဒုတိယဇာတ်ကားကတော့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Will Smith နဲ့ Focus လို့ အမည်ရတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

#quokkaselfie 🇦🇺

A post shared by Margot Robbie (@margotrobbie) on

Margot ဟာ တိရစ္ဆာန်တွေကို အရမ်းချစ်တဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ နေအိမ်ကြီးမှာဆိုလဲ တိရစ္ဆာန်ပေါင်းများစွာကို မွေးထားတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကလည်း လမ်းပေါ်ကနေ ကောက်ရလာခဲ့တဲ့ ခွေးကလေးတစ်ကောင်ကို သူမရဲ့ နေအိမ်ကြီးမှာ စောင့်ရှောက်ထားရပြီး ပြန်လာခေါ်မယ့် ပိုင်ရှင်ကို စောင့်မျှော်နေကြောင်း သူမရဲ့ Instagram မှာ ပို့စ်တင်ခဲ့ပါသေးတယ်။ အဆိုပါ ခွေးကလေးကတော့ အောက်က ပို့စ်မှာ တွေ့ရတဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

🐶❤️ (not mine sadly)

A post shared by Margot Robbie (@margotrobbie) on

“ဒီကောင်လေးကို အခုထိတော့ နာမည်မပေးရသေးပါဘူး။ တော်တော်လေးကို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်လေးပါ။ ကိုယ်ကမွေးစားချင်ပေမယ့်လည်း ပိုင်ရှင်ရှိနေတာကြောင့် ပိုင်ရှင်ကို မျှော်နေပါတယ်။ ကျွန်မယောကျာ်းကိုလည်း ပိုင်ရှင်မရှိရင် ကျွန်မတို့ အပိုင်မွေးစားဖို့ ပြောရလွန်းလို့ လင်မယားစကားများရပါသေးတယ်။ သူကတော့ ဒီခွေးလေးဟာ ပိုင်ရှင်ရှိတာကြောင့် သံယောဇဉ်မရှိစေချင်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ အိမ်မှာ ဒီကောင်လေးရောက်နေတာ ၁ ပတ်ကျော်ကြာနေပြီဖြစ်တာကြောင့် ကျွန်မကတော့ တော်တော်လေးကို သံယောဇဉ်ဖြစ်မိနေပါပြီ”လို့ Margot က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

🍭

A post shared by Margot Robbie (@margotrobbie) on

Pyi Hein Kyaw