Madonna ကေ တာ့ အသက် ၆၂ နှစ်ရှိတဲ့ ကမ္ဘာ ကျော် အဆိုတော် တစ်ယောက်ပါ။သူမက တော့ လက်ရှိမှာ အသက် ၂၆ နှစ်အရွယ် Dancer ကောင်လေး Ahlamalik Williams နဲ့ တွဲနေတာပါ။ချစ်သူသစ်လေးနဲ့ သူမရဲ့ ဆက်ဆံ ရေးက တော့ တော်တော်လေးကို ကောင်းနေတယ်လို့ ပြော လို့ရပါတယ်။ Madonna ကေ တာ့ တောက်လျောက် ဆိုသလို ခရီးတွေ ထွက်နေပါတယ်။ကိုဗစ် ကာလမို့ တစ်နိုင်ငံ တစ်နိုင်ငံ ခရီးသွားလာခွင့် တွေ ကန့် သတ်ထားပြီး သွားရ လာရတာ ခက်ခဲနေတဲ့ အချိန်မှာတောင် မှ သုံးပတ် အတွင်း ငါးနိုင်ငံ လောက် အလည် သွား ပစ်နိုင် ခဲ့ပါတယ်။လော့အိန်ဂျလိစ် ကေ န လန်ဒန်၊လန်ဒန် က နေ မှ မာလ၀ီ၊ အဲ့ဒီ ကနေ မှ ကင်ညာ တို့ ကို ပျော် ပျော်ကြီး ခရီးတွေ ပတ် ထွက် နေခဲ့တာပါ။သူမထက် အသက် (၃၆)နှစ် လောက် ငယ်တဲ့ ချစ်သူလေး လည်း ဒီခရီးတွေ မှာ အတူ လိုက်ပါခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Daily Mail မှာဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Madonna (@madonna)

ချစ်သူနဲ့ နှစ်ယောက်တည်း တော့မ ဟုတ်ပါဘူး။သူမရဲ့ ကလေး ငါးယောက်လည်း ဒီခရီး စဉ်တွေမှာ လိုက်ပါ ခဲ့ပါတယ်။ခရစ်စမတ် အကြို တုန်းက William နဲ့ တခြား မွေးစားထားတဲ့ ကလေးလေး (၄)ယောက် ဖြစ်တဲ့ David Banda (၁၅ နှစ်)၊ Mercy James (၁၄ နှစ်)၊အသက် ၈ နှစ်စီရှိတဲ့ အမြွှာ Estere နဲ့ Stella တို့က လော့အိန်ဂျလိစ် ကနေ လန်ဒန်ကို ထွက်ခွာ လာခဲ့ကြတာပါ။ Guy Ritchie  နဲ့ ရတဲ့ အသက် ၂၀ အရွယ် အကြီးဆုံးသား  Rocco က တော့ အာဖရိက ခရီးစဉ်မှာ လိုက်ပါခဲ့ပါတယ်။ဒီဇင်ဘာ ၂၈ မှာတော့ မာလ၀ီ ကို အုပ်စုလိုက်ကြီး ပျော်ပျော်ပါးပါးသွားခဲ့ကာ အီဂျစ်မှာလည်း ခရီး တစ်ထောက် နားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Madonna (@madonna)

သူမရဲ့ personal photographer, Ricardo Gomes လည်း အားလပ် ရက်မှာ အတူလိုက်ပါ ခဲ့တယ်လို့ ယူဆရပါတယ်။မာလ၀ီ မှာ တစ်ပတ် လောက် အချိန် ကုန် ခဲ့ စဉ်မှာတော့ သမ္မတ Lazarus Chakwera နဲ့ပါ တွေ့ဆုံ ခဲ့ ကြပါတယ်။ဒေသခံတွေ နဲ့လည်း တွေ့ ဆုံခဲ့သလို Madonna ထူထောင် ထားတဲ့ ဆေးရုံကိုလည်း သွားရောက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ ဆာဖာရီ ဥယျာဉ်ကို လည် ဖို့ ကင်ညာကို ခရီးဆက်ခဲ့ပါတယ်။သူမရဲ့ IG မှာ တော့ ခရီးသွား ဗီဒီယိုဖိုင် တွေ တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by Madonna (@madonna)

 

View this post on Instagram

 

A post shared by Madonna (@madonna)

ဒီလို ခရီးသွားလာခွင့်တွေ ကန့်သတ် နေချိန် နိုင်ငံငါးနိုင်ငံ ကို ပတ်ပြီး ခရီးသွားနေတာ နဲ့ ပတ်သက်ပြီး Madonna က သူမတို့ မိသားစုက ပုံမှန် ကိုဗစ် စစ်ဆေးမှုတွေ ကို ခံယူ ကြတယ်လို့ ဆိုပါတယ်။သတင်းတွေ အရ တော့ သူတို့ တွေက မိသားစုလိုက်  ပေါင် သန်း (၆၃၀)တန် ကိုယ်ပိုင် လေယာဉ်နဲ့ သွားကြတာပါ။

 

View this post on Instagram

 

A post shared by Madonna (@madonna)

 

View this post on Instagram

 

A post shared by Madonna (@madonna)

#CELENOW