Leonardo DiCaprio က တော့ အသက် ၄၆ နှစ်အရွယ် အမေရိကန် မင်းသားကြီးပါ။မိန်းမလှလေးတွေ အများကြီး နဲ့ တွဲခဲ့ဖူးပါတယ်။၂၅ အောက် မိန်းကလေးတွေ နဲ့ပဲ တွဲ တယ်ဆိုပြီး တော့ သတင်း တွေ မှာတောင် ဖော်ပြ ခံရဖူးပါတယ်။အသက်ကြီး လာတာနဲ့ အမျှ သူထက် အများကြီး ငယ်တဲ့ မိန်းမချော လေးတွေ နဲ့ပဲ တွဲလာတာေ ကြာင့် ခုလို နာမည်ကြီးတာပါ။ဘယ်သူတွေ နဲ့ ဒိတ် ခဲ့၊အီစီကလီ ဇာတ်လမ်းတွေ ရှိခဲ့ဖူး လဲ ဆိုတာကိုတော့ Elle မှာ အခုလို ဖော်ပြထားပါတယ်။

Brittany Daniel

 

View this post on Instagram

 

A post shared by Brittany Daniel (@iambdaniel)

အသက် ၁၈ နှစ်အရွယ် Brittany Daniel နဲ့ တွဲခဲ့ဖူးတာပါ။ The Basketball Diaries ဇာတ်ကားမှာ သူမရဲ့ ဇာတ်ကောင်က လီယို ကို ဖျားယောင်းရတာပါ။၁၉၉၄ တုန်းက တွဲခဲ့တာပါ။

Kristen Zang

 

View this post on Instagram

 

A post shared by hot_le0 (@hot_le0__)

Kristen Zang နဲ့ က တော့ (1996-1998) အထိ တွဲ ခဲ့ဖူးပါတယ်။ Kristen က တော့ အဲ့ဒီတုန်းက လီယို ရဲ့ မရင့်ကျက် သေးတဲ့ ကလေး ပုံလေးကြောင့် ကြွေသွားခဲ့တာပါ။

Amber Valletta

 

View this post on Instagram

 

A post shared by Amber Valletta (@ambervalletta)

လီယိုက သူမကို မဂ္ဂဇင်း တစ်ခုမှာ စ တွေ့ ခဲ့တာပါ။သဘောကျ သွားပြီး သူ့ရဲ့ ကိုယ်စားလှယ်ကို သူမ အကြောင်း စုံစမ်း ခိုင်း ခဲ့တာပါ။သူတို့နှစ်ယောက် က တော့ ၁၉၉၈ ခုနှစ် မှာ တွေ့ခဲ့တာပါ။

Bijou Phillips

John Phillips ရဲ့ သမီးပါ။ Bijou နဲ့ က တော့ ၁၉၉၈ ခုနှစ် မှာ တွဲခဲ့တာပါ။ဒါရိုက်တာ James Toback နဲ့ ချိတ် ဆက် ခဲ့တာပါ။လီယို နဲ့ ပြတ် တော့ သူမနဲ့ လုပ်ဖော်ကိုင်ဖက် Elijah Wood နဲ့ တွဲ ခဲ့ပါတယ်။

Eva Herzigova

 

View this post on Instagram

 

A post shared by Eva Herzigova (@evaherzigova)

Victoria’s Secret မော်ဒယ် မလေး Eva Herzigova နဲ့က တော့ ၁၉၉၈ ခုနှစ်မှာ တွဲခဲ့တာပါ။ဒါပေမယ့် သူတို့ ပတ်သက်မှု ကို တရားဝင် ချ ပြ ခဲ့တာ မျိုး တော့ မဟုတ်ပါဘူး။လီယိုနဲ့ တွဲနေတဲ့ကာလမှာတော့ Tico Torres နဲ့ လက်ထပ် ထားတာပါ။

Gisele Bündchen

 

View this post on Instagram

 

A post shared by Gisele Bündchen (@gisele)

လီယိုနဲ့ သူမ က တော့ ငါးနှစ် လောက် တောင် တွဲခဲ့ ဖူးပါတယ်။ဒါပေမယ့် ၂၀၀၅ မှာ တော့ လက်တွဲ ဖြုတ် ခဲ့ ကြပါတယ်။ Gisele Bündchen က တော့ “ကျွန်မ တို့ က ချစ်သူ တွေ တင် မက ပါဘူး။သူက ကျွန်မ လေးစား ရတဲ့ သူပါ။သူ့ အတွက် အကောင်းဆုံး ဖြစ် ဖို့ မျှော်လင့်ပါတယ်..” လို့ ၂၀၀၉ တုန်းက အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

Bar Refaeli

 

View this post on Instagram

 

A post shared by Bar Refaeli (@barrefaeli)

Victoria’s Secret Model တွေ အများကြီးနဲ့ တွဲ ခဲ့ဖူးပါတယ်။အဲ့ဒီအထဲမှာ Bar Refaeli ကလည်း တစ်ယောက် အပါအ၀င်ပါ။ Bar Refaeli နဲ့ က တော့ ၂၀၀၅-၂၀၁၁ အထိ တွဲလိုက် ပြတ်လိုက် နဲ့ သံသရာလည်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by Bar Refaeli (@barrefaeli)

Anne Vyalitsyna

 

View this post on Instagram

 

A post shared by Anne V (@annev)

Bar Refaeli  နဲ့လည်း ပြတ် ပြီးတဲ့ အချိန် ခဏ အတွင်း ၂၀၀၉ မှာတော့ ရုရှား Victoria’s Secret model ဖြစ်သူ Anne နဲ့ အပျော် ခရီး အတူ ထွက်ခဲ့ပါတယ်။

Blake Lively

 

View this post on Instagram

 

A post shared by Blake Lively (@blakelively)

၂၀၁၁ က ဇာတ်လမ်းပါ။ Blake Lively နဲ့က တော့ ပြင်သစ်ကို အတူတူ ခရီး ထွက်ခဲ့ပါတယ်။ဒါပေမယ့် ငါးလ အကြာမှာ ပဲ ဇာတ်လမ်း ပြတ် ခဲ့ပါတယ်။ Blake က လီယို မှာ သူမ အပြင် တခြား မော်ဒယ် တွေ အများကြီးရှိ နေတာ ကို သိသွားခဲ့တာပါ။

Madalina Ghenea

Blake နဲ့ ပြတ် တော့လည်း ကြာကြာ အသည်းကွဲ မနေပါဘူး။မော်ဒယ် Madalina Ghenea နဲ့ တွဲတယ်ဆိုပြီး သတင်း တွေ ထွက် လာ ခဲ့ပါတယ်။သြစတြေးလျ က ရိုက်ကူးရေး တစ်ခုမှာ တွေ့ခဲ့တာပါ။

Erin Heatherton

မော်ဒယ် Erin Heatherton က တော့ ၂၀၁၂ မှာ တွဲခဲ့တာပါ။(၁၀)လ လောက် တွဲ ခဲ့တာပါ။နှစ်ယောက် သား အလုပ် တွေ များလို့ လမ်းခွဲ ခဲ့ရတယ်လို့ တော့ သတင်း ထွက်ခဲ့ပါတယ်။

Toni Garrn

 

View this post on Instagram

 

A post shared by TONI GARRN (@tonigarrn)

Victoria’s Secret မော်ဒယ် မလေး Toni Garrn နဲ့က ၂၀၁၃ မေ လောက်က စပြီး တစ်နှစ် ကျော် လောက် တွဲ ခဲ့ဖူးပါတယ်။၂၀၁၄ မှာ တော့ လမ်းခွဲခဲ့ပါတယ်။အတင်းအဖျင်း မီဒီယာ တစ်ခု ကေ န လီယို တစ်ယောက် Miami နိုက်ကလပ် ထဲက နေ မိန်းမ အယောက် ၂၀ လောက် နဲ့ အတူတူ ထွက်လာ တယ်ဆိုတဲ့ အ ကြောင်းကို ဖော်ပြ ခဲ့ဖူးပါတယ်။၂၀၁၇ လောက် မှာ လည်း ပြန်ပြီး တွဲ တော့ မလို တွေ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ၂၀၁၉ မှာတော့ Toni Garrn က မင်းသား Alex Pettyfer နဲ့ စေ့စပ်ခဲ့ပါတယ်။

Kelly Rohrbach

 

View this post on Instagram

 

A post shared by @kellyrohrbach

Sports Illustrated model မလေးနဲ့က တော့ ၂၀၁၅ နွေဦး လောက် မှာ စ တွဲ ခဲ့တာပါ။စေ့စပ် လိုက်ပြီ၊စေ့စပ် တော့မယ် ဆိုတဲ့ သတင်း တွေ တောင် ထွက်ခဲ့ ပေမယ့်လည်း ၂၀၁၆ နှစ်စ မှာတော့ လမ်းခွဲ ခဲ့ ပါတယ်။

Nina Agdal

 

View this post on Instagram

 

A post shared by Nina Agdal (@ninaagdal)

Georgia Fowler ၊Victoria Lee Robinson ၊  Laura Whitmore၊ Rihanna တို့ နဲ့ ပလူးပလဲ အနေ အထားတွေ နဲ့ ဟိုနားေ တွ့ ဒီနား တွေ့ ၊တွဲနေတယ်ဆိုတဲ့ သတင်း တွေ လည်း ထွက်ပေါ် ခဲ့ပါတယ်။ Nina Agdal နဲ့က တော့ ၂၀၁၆ နွေရာသီ လောက် မှာ စ တွဲ ခဲ့တာပါ။ဒါပေမယ့် လည်း နောက်ပိုင်းမှာတော့ လမ်းခွဲခဲ့ပြီး မိတ် ဆွေ တွေ အဖြစ် ပဲ ဆက် ခင် နေတယ်လို့ သတင်းတွေ မှာ ဖော်ပြခဲ့ပါတယ်။

Lorena Rae

 

View this post on Instagram

 

A post shared by Lorena Rae 🦋 (@lorena)

၂၀၁၇ သြဂုတ် မှာတော့ အသက် ၂၃ နှစ်အရွယ် မော်ဒယ် မလေး Lorena Rae နဲ့ သတင်း ထွက်ခဲ့ပါတယ်။ဟိုး နား မှာ အတူ တွဲ တွေ့ လိုက်၊ဒီနား အတူ တွဲ တွေ့ လိုက်  ပုံတွေ ထွက်ခဲ့ပါတယ်။ဒါပေမယ့် လီယို ကိုယ်စားလှယ်က တော့ တွဲ နေတာ မဟုတ်ပါဘူး လို့ ငြင်းခဲ့ပါတယ်။

Camila Morrone

 

View this post on Instagram

 

A post shared by Camila Morrone (@camilamorrone)

လီယိုနဲ့ Nina Agdal တို့ လမ်းခွဲပြီး နောက်ပိုင်း ၂၀၁၇ မှာတည်းက Camila Morrone  နဲ့ သတင်း တွေ ထွက် နေခဲ့တာပါ။အသက်က တော့ ၂၃ နှစ်လောက် ကွာပါတယ်။၄၆ နှစ်ဦးနဲ့ ၂၃ နှစ်အရွယ် မော်ဒယ် မလေး တို့ရဲ့ အချစ် ပါ။ဦးမှ ဦး ဖြစ်နေတဲ့ Camila Morrone  ကတော့ အသက် ကွာခြားတဲ့ သူတို့နှစ်ယောက်ရဲ့ relationship အပေါ် ဝေဖန် လာမှု တွေ အပေါ် သူမရဲ့ IG မှာ အသက် အရမ်းကွာ တဲ့ စုံတွဲ က သမိုင်းမှာ ကို အများကြီးရှိတယ်၊ဟောလိဝုဒ် မှာလည်းအများကြီး ရှိတယ်ဆိုပြီး ခုခံကာကွယ် ပြောဆိုခဲ့ဖူးပါတယ်။ လီယို တစ်ယောက် Camila Morrone  ဆီမှာ နှလုံးသား အပြီးအပိုင် အပ် မှာလား၊မအပ် ဘူးလား ဆိုတာက တော့ စောင့်ကြည့်ရ မှာပါ။

 

View this post on Instagram

 

A post shared by Camila Morrone (@camilamorrone)

#CELENOW