အပြင်မှာ ဘယ်လိုတွေပဲ ကောလာဟလသတင်းတွေ ထွက်နေပေမယ့် Kylie Jenner နဲ့ သူမရဲ့ ချစ်သူ Travis Scott တို့ကတော့  တစ်နေ့တစ်ခြား အချစ်ဒီဂရီတွေ မြင့်သထက် မြင့်နေပုံရပါတယ်။သူတို့နှစ်ဦး နယူးယော့ခ်မှာ အတူ ဈေးဝယ်ထွက်ရင်း အချစ်တွေ အထိန်းအကွပ်မဲ့စွာ လျှံထွက်ကုန်ခဲ့ပါတယ်။Met Gala ပွဲ အပြီးမှာတော့ သူတို့ စုံတွဲ တွေဟာ Stormi လေး မပါပဲ နှစ်ယောက်တည်း သီးသန့် ဒိတ်လုပ် ဈေးဝယ်ထွက် ခဲ့ပါတယ်။

shopping ထွက်ရင်းခဏလေး နားနေတဲ့ အချိန်မှာတောင်မှ  Kylie က ချစ်သူရက်ပ်ပါအဆိုတော် Travis Scott   ရဲ့ လည်ပင်းကို သိုင်းဖက်ပြီး အနမ်းတွေ ခြွေခဲ့ပါတယ်။Travis Scott ကလည်း အနားမှာ လာကပ် ချွဲနေတဲ့ ချစ်သူ ရဲ့ နောက်ကျော တင်ပါးကို ပြန်ဖက်ထားတဲ့ ပုံတွေ ထွက်ပေါ်လာပါတယ်။သူတို့စုံတွဲကတော့ အရမ်းကို အချစ်ဒီဂရီ တွေ အမြင့်ဆုံးရောက်နေပုံရပါတယ်။ အပြင်မှာတော့ နှစ်ယောက်သားလမ်းခွဲ လိုက်ပြီ ဆိုတဲ့ ကောလာဟလ သတင်း တွေ ပလူပျံအောင် ထွက်ပေါ် နေပေမယ့် နှစ်ယောက်သားကတော့ အရမ်းကို ချစ်နေပုံရပါတယ်။ Kylie ကတော့ tracksuit ကို ၀တ်ဆင်ထားပါတယ်။ သူမရဲ့ body လှလှပေါ်အောင် အဖြူရောင် crop top  ကို ၀တ်ထားပြီး အပေါ်မှာတော့ ဆိုဒ်လွန် တီရှပ်ကို  ထပ်ဝတ်ထားပါတယ်။ ဆံပင်ကိုတော့ ကျစ်ဆံမြှီးထိုးထားပြီး နားမှာ ၀တ်ထားတဲ့ ကြီးမားတဲ့ စိန်နားကပ်ကြီးကတော့ အထင်းသားပေါ်လွင်နေပါတယ်။

သူတို့နှစ်ဦးကတော့ သမီးလေး ကို ဖေဖော်ဝါရီ (၁)ရက်နေ့က မွေးဖွား ခဲ့တာပါ။အစောပိုင်းတုန်းက ကလေးထိန်း တာဝန်ကို နှစ်ယောက်သား တစ်ယောက်တစ်လှည့်စီတာဝန်ယူနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါသေး တယ်။  Kylie နဲ့ Travis တို့ဟာ  ပြတ်စဲသွားခဲ့ကာ၊ Kylie က Single Mother အဖြစ်နဲ့ သမီးလေးကို ပြုစုပျိုးေ ထာင် သွားမယ်လို့ အတွင်းလူတွေဆီက သတင်းရတယ်ဆိုပြီး Heat magazine မှာဖော်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် weekly magazine မှာလည်း Travis  ကလူကောင်းတစ်ယောက်၊ ကလေး အနားမှာလည်း ရှိနေပေးချင်ပေမယ့် သူ အနေ နဲ့က ဂီတလမ်းကြောင်းမှာ အခုထိ အခြေမကျသေးဘူး၊ Kylie  နဲ့ ဇာတ်လမ်းက ပြီးသွားခဲ့ပြီ။ Kylie နဲ့ ဇာတ်လမ်းပြတ်ပေမယ့် တခြား မိန်းကလေးတွေနဲ့ တွဲမှာမဟုတ်ကြောင်း၊ သမီးကိုလည်း ငွေကြေးထောက်ပံ့ပေးမယ်လို့ ကတိေ ပးခဲ့ တယ် ဆိုပြီး ဖော်ပြခဲ့ပါသေးတယ်။ တစ်ချို့ကလည်း သမီးလေးရတာတောင်မှ Travis က ပြောင်းလဲမလာပဲ အရင်လိုပဲမို့ Kylie က သစ္စာဖောက်သလို ခံစားနေရတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။

မီဒီယာတွေမှာတော့ သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီဆိုပြီး သတင်းတွေ အမျိုးမျိုးဖော်ပြနေပေမယ့်ထွက်လာတဲ့ ဓါတ်ပုံ တွေအရတော့  နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးက အရမ်းကို အဆင်ပြေနေပုံပါ။သူတို့နှစ်ဦးဟာ မေ(၇)ရက်နေ့ တုန်းကလည်း Met Gala ပွဲကို အတူတွဲတက်ရောက်ခဲ့ပါသေးတယ်။

Source themirror