Kylie Jenner ကတော့ သူမရဲ့ သမီးလေး အတွက် အရမ်းကို စိတ်ပူ၊စိုးရိမ် နေတယ်လို့ သိရပါတယ်။reality star ဖြစ် တဲ့ သူမဟာ မကြာသေးမီကမှ ရင်သွေးလေးကို မွေးဖွားပြီး မိခင်ဘ၀ကို ရောက်ခဲ့တာပါ။Kylie  ကတော့ သမီး လေး Stormi အတွက် အရမ်းစိတ်ပူပြီး အရမ်းကို စိုးရိမ်ကာကွယ်ပေးနေတယ်လို့ သတင်း Source တစ်ခုမှာ ဖော်ပြ ထားပါ တယ်။ရင်သွေးလေးရဲ့ ဖေဖေကတော့ Travis Scott  ဖြစ်ပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့တုန်းက ရင်သွေးလေး ရခဲ့တာပါ။
အသက်ငယ်သေးပေမယ့် မိခင်စိတ်အပြည့်ရှိတဲ့ Kylie Jenner  ကတော့ သူမရဲ့ သမီးလေးက ငယ်သေးတဲ့ အတွက် ရောဂါပိုးမွှားရန်ကနေ စိတ်မချလို့ ကလေးကို တခြားအိမ်တွေ ခေါ်မသွားဖို့ ပြောထားတယ်လို့ သိရပါတယ်။ဒါပေမယ့် ကယ်လီဖိုးနီးယား Hidden Hills မှာရှိတဲ့ သူမရဲ့ နေအိမ်ကိုတော့ လာတွေ့ပြီး ကလေးကို လာနှုတ်ဆက်ကြဖို့ သူငယ်ချင်း အပေါင်းအသင်းတွေကျု ဖိတ်ခေါ်ထားပါတယ်။Stormi လေးရဲ့ အသက်ကတော့ အခုဆိုရင် (၆)ပတ် ရှိနေပါပြီ။
သူမရဲ့ မိတ်ဆွေတွေအနေနဲ့ ကလေးကို ကိုင်မယ်၊ချီမယ်ဆိုရင် လက်ကို သေချာဆေးဖို့ Kylie က ဆန္ဒရှိနေပါတယ်။ အခုဆိုရင်တော့ Kylie တစ်ယောက် ရောဂါပိုးမွှားနဲ့ပတ်သက်ပြီး အရမ်း စိတ်ပူစိုးရိမ်တဲ့ ရောဂါတောင် ရနေပြီလို့ ပြော လို့ ရပါတယ်။သတင်း Source တစ်ခုကဆိုရင် အိမ်ကို အလည်သွားလို့တော့ရပေမယ့် ကလေးရဲ့ ကျန်းမာရေး အတွ က် အရမ်းသတိထား စိတ်ပူနေတယ်လို့ သိရပါတယ်။လာတွေ့တဲ့ ဧည့်သည်စာရင်းကိုလည်း တင်းတင်းကျပ်ကျပ် ကန့် သတ်ထားပါတယ်။
ဒါပေမယ့် သူမရဲ့ မိတ်ရင်းဆွေရင်းတွေနဲ့ ညီအစ်မတွေဖြစ်တဲ့ Jordyn Woods ၊Kardashinan ညီအစ် မေ တွ ဖြစ်တဲ့ Khloe ၊ Kourtney ၊ Kim ၊Kendall Jenner  တို့ကတော့ အချိန်မရွေး အိမ်ကို လာနိုင်တဲ့ ဧည့်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။သမီးလေးကို Private နေရာလေးမှာ အသေအချာ စောင့် ရှောက် ကာကွယ်ေ ပးနေပါတယ်။(၁၄)ရက်နေ့တုန်းကလည်း Stormi  ရဲ့ ပုံအသစ်လေးကို တင်ခဲ့ပါသေးတယ်။
source dailymail