Kim Kardashian နဲ့ Taylor Swift တို့ကြားက ရန်စမီးကတော့ တကျော့ပြန် အစပျိုးလာခဲ့ပြန်ပါပြီ။ Kim ဟာ  ဒီဇင်ဘာလ(၄)ရက်ညက သူမရဲ့ Instagram မှာ Post တစ်ခု တင်ခဲ့ပါတယ်။ အဲဒီ Post ကတော့ အရင်တုန်းက (throwback post) ပါ။ သူမရဲ့ ခင်ပွန်း Kanye West ရဲ့ (၂၀၁၆)တုန်းက Famous Music Video တုန်းက ပုံကို တင်လိုက်တာပါ။

ဓါတ်ပုံထဲမှာတော့ အိပ်ယာပေါ်မှာ Taylor အပါအ၀င် ကိုယ်လုံးတီးနဲ့ ဘေးချင်းယှဉ်လျက်လှဲနေကြတဲ့ တခြားဆယ်လီတွေရဲ့ ဖယောင်းရုပ်တွေပါဝင်ပါတယ်။ Kim က Caption နေရာမှာတော့ “Famous” ဆိုပြီးရေးထားပါတယ်။ Kim ရဲ့ အဲဒီတုန်းက Snap ပုံကို အွန်လိုင်းမှာတင်လိုက်ပြီးချက်ချင်းဆိုသလိုပဲ Taylor ရဲ့ fan တွေက ဒါဟာ Taylor ကို တိုက်ခိုက်တာဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါကြောင့် တန်ပြန်တဲ့အနေနဲ့ comment မှာလည်း ကြွက်ပုံ emoji တွေ အများကြီးဝင်ရေးခဲ့ပါတယ်။ မြွေက ကြွက်ကို စားတယ်ဆိုတဲ့ သဘောမျိုးနဲ့ ကြွက် Emoji တွေကို ပြန်မန့်ခဲ့တာပါ။

Taylor ကလည်း ဒါကိုတန်ပြန်တဲ့အနေနဲ့ နောက်(၂၄)နာရီလောက်မှာပဲ သူမရဲ့ Vogue မဂ္ဂဇင်းအတွက် ရိုက်ထားတဲ့ပုံကို တင်လိုက်ပါတယ်။ ပုံမှာတော့ “ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီး(စိတ်ကြီးဝင်)နေတဲ့သူမျိုးကို ဘယ်တုန်းကမှအယုံအကြည်မရှိဘူး။ ဒါပေမယ့်သူတို့က ငါ့ကိုချစ်တယ်..” ဆိုတဲ့စာနဲ့အတူ တင်ထားပါတယ်။

Kanye West နဲ့ Taylor တို့ရဲ့ ရန်ပွဲဟာ (၂၀၀၉)တည်းကစခဲ့တာပါ။ (2009)MTV Music Video Awards  မှာ တေလာက Best Female ဆုကို လက်ခံရယူပြီး ကျေးဇူးတင်စကားပြောနေတဲ့အချိန်မှာ Kayne က ၀င်ပြီးတော့ မိုက်ကိုဆွဲယူပြီး Beyoncé ရဲ့ ဗီဒီယိုကသာ အကောင်းဆုံးပါပဲလို့ ၀င်ပြောခဲ့တာပါ။ ဒါ့အပြင်သူ့ရဲ့ Famous သီချင်းမှာလည်း  “I feel like me and Taylor might still have sex”, “I made that b***h famous” ဆိုပြီး ထည့်ဆိုခဲ့ပါတယ်။

(Photo by Christopher Polk/Getty Images)

သီချင်းထွက်ရှိပြီးနောက်မှာတော့ တေလာက သီချင်းနဲ့ပတ်သက်ပြီး ဖုန်းနဲ့ဆွေးနွေးကြတုန်းက  ဒီလိုစာသားတွေထည့်ဆိုဖို့ Kanye ကို ခွင့်မပြုပေးခဲ့ဖူးဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီမှာပဲ Kanye ရဲ့ ဇနီး Kim က အသံ Audio ဖိုင်ကို အွန်လိုင်းမှာချပြခဲ့ပါတယ်။ အဲဒီဖိုင်ထဲမှာတော့ တေလာက Kanye အနေနဲ့ အကောင်းဆုံးလို့ထင်တဲ့ ဘယ်စာသားကိုမဆိုသုံးပါလို့ ပြောထားတဲ့ အသံဖိုင်ပါဝင်ပါတယ်။ အဲဒီတုန်းက ငြိမ်းခဲ့တဲ့ ရန်စမီးဟာ အခုတကျော့ပြန်အစပျိုးနေပြီဆိုပြီး အားလုံးက ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။

from the sun

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။