Justin Bieber ကတော့ သွားရင်းလာရင်းနဲ့ လမ်းပေါ်မှာ လဲကျနေတဲ့ သူတစ်ယောက် အတွက် စိတ်ပူစိုးရိမ် ပေး ခဲ့ပါတယ်။ဧပြီ (၉)ရက်နေ့တုန်းက Barry’s Bootcam ကနေ workout လုပ်ပြီး ပြန်လာခဲ့ပါတယ်။အဲ့ဒီ အချိန်မှာ ပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ SUV ကားအနီးမှာ လူနာတင်ယာဉ်တစ်စီး ရပ်ထားတာကို တွေ့ခဲ့ပါတယ်။အဲ့ဒီမှာပဲ JB က ဘာဖြစ်သလဲ ဆိုတာကို စူးစမ်းခဲ့ပါတယ်။လမ်းပေါ်မှာ လဲကျပြီး ဒဏ်ရာရတဲ့ အမျိုးသားကို တွေ့ခဲ့ပါတယ်။ဘာဖြစ်တာလဲ သိရဖို့ အနီးအနားမှာရှိတဲ့ အရေးပေါ်လူနာတင်ယာဉ်မှ တာဝန်ရှိသူတစ်ယောက်ကို မေးကြည့်ခဲ့ပါတယ်။
Photo credit: Rachpoot/MEGA
+1 888 505 6342
အမျိုးသားလဲ ကျရတဲ့ အကြောင်းအရင်းကတော့ လော့အိန်ဂျလိစ်ရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် လို့ ယူဆရပါတယ်။
JB ကတော့ အဖြူရောင်ပိုလိုဝတ်စုံကို ၀တ်ဆင်ထားပါတယ်။ကာကီရောင်ဘောင်းဘီတို ကို ၀တ်ဆင်ထားပါတယ်။အ ခင်းဖြစ်ပွားရာနေရာမှာပဲ ရပ်ပြီး အချိန်အတော်ကြာစကားပြောနေခဲ့တာကိုတွေ့ရပါတယ်။လော့အိန်ဂျလိစ်ရဲ့ အပူချိန် ကတော့ (၁၀၀)ဒီဂရီလောက်အထိမြင့်တက်ခဲ့တာကြောင့် JB ကလည်း ပေါ့ပေါ့းပါးဖက်ရှင်ကိုပဲ ၀တ်ဆင်ထားပြီး ဖိ နပ်ကို လည်း ကြိုးသိုင်းဖိနပ်ကို ၀တ်ဆင်ထားပါတယ်။
Photo credit: Rachpoot +1 888 505 6342
Picture by: Clint Brewer
လဲကျတဲ့အမျိုးသားအဆင်ပြေ၊မပြေ စူးစမ်းပြီးနောက် အဆင်ပြေတယ်ဆိုတာ သိပြီး ကားပေါ် ပြန်တက်ပြီး သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။ဂျက်စတင်တစ်ယောက် မကြာသေးခင်က ဘောလုံးပြိုင်ပွဲအတွင်း ခြေချင်းဝတ် လည်သွားခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။ဒါပေမယ့် အခုဆိုရင်တော့ JB ရဲ့ ဒဏ်ရာ ပြန်ကောင်းလာခဲ့ပါတယ်။

Source dailymail