အဆိုတော် Justin Bieber တစ်ယောက် အိမ်ခြေမဲ့စုံတွဲတစ်တွဲနဲ့ အတူထိုင်ပြီး စကားပြောနေတဲ့ ပုံတွေ အွန်လိုင်းမှာ ထွက် ပေါ်နေပါတယ်။အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မြို့ L.A ကောင်တီ က လမ်းဘေးတစ်နေရာမှာ အတူထိုင်ပြီး မတ်(၂၈)ရက်နေ့က စကားတွေ ပြောခဲ့တာပါ။

Bieber  ဟာ L.A က လမ်းတစ်နေရာအရာက်မှာတော့ ပလတ်ဖောင်းမှာ အိပ်နေကြတဲ့ အိမ်ခြေမဲ့ စုံတွဲအနားမှာ ထိုင်ပြီး အားပါးတရ စကားတွေ ထိုင်ပြောနေခဲ့တာပါ။ ဘာအကြောင်းတွေ ပြောကြသလဲဆိုတာကို မသိရပေမယ့် JB ကြည့်ရတာတော့ စိတ်ဝင်တစား နားထောင်နေပုံရပါတယ်။

 

JB ကတော့ ဒီရက်ပိုင်းမှာ တစ်ချိန်က အဆက်ဟောင်း ချစ်သူ Selena နဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့ပါတယ်။ Selena နဲ့ လမ်းခွဲလိုက်ပြီးနောက် JB က  မတ်လ(၂၁)ရက်နေ့ ညက Baskin Champion နဲ့ Night Out ထွက်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ဟာ လော့အိန်ဂျလိစ် Roxy မှာ ကျင်းပတဲ့ Craig David ရဲ့ ဖျော်ဖြေပွဲကို အတူသွားခဲ့ကြတာပါ။JB နဲ့ Selena တို့ရဲ့ လမ်းခွဲလိုက်၊ပြန်ဆက်လိုက် အချစ်ရေးကတော့  ပရိသတ်တွေရော၊မီဒီယာတွေပါ မျက်စိလည်နေကြပါတယ်။

Source tmz