Justin Bieber နဲ့ Selena Gomez တို့ရဲ့ ပြန်ပေါင်းထုပ်ဇာတ်လမ်းရဲ့ နောက်ဆက်တွဲဓါတ်ပုံတွေကတော့ ထွက်ေ ပ်ါလာနေပါပြီ။ သူတို့နှစ်ယောက်ရဲ့ relationship ကတော့ တရားဝင် official ထုတ်မပြောပေမယ့် ပြန်တွဲနေကြပြီလို့ အားလုံးက လက်ခံထားပြီးပါပြီ။ Selena Gomez နဲ့ Justin Bieber တို့ကိုလည်း ဒီရက်ပိုင်းမှာ မကြာခဏဆိုသလို တွဲပြီး တွေ့နေရပါတယ်။ အခုတော့ သူတို့ပြန်ပေါင်းထုပ်နေတယ်ဆိုတာ သေချာသထက် ပိုသေချာသွားစေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ကြောင်း Daily Mail မှာဖော်ပြထားပါတယ်။

Los Angeles မှာရှိတဲ့ စကိတ်ကွင်းမှာ နိုဝင်ဘာ(၁၅)ရက်နေ့က ဟော်ကီသွားကစားတဲ့ JB နဲ့ သူ့ကို လိုက်ပါ အားပေးတဲ့ Selena  တို့ရဲ့ စုံတွဲပုံတွေပါ။ Selena က အနက်ရောင်တီရှပ်နဲ့ အနက်ရောင် Pants ကို ၀တ်ဆင် ထားပါတယ်။ JB ကတော့ ဟော်ကီအားကစားဝတ်စုံကို ၀တ်ဆင်ထားပါတယ်။ ပုံတွေထဲမှာတော့ Selena က JB ရဲ့ ပခုံးကိုလှမ်းဆွဲပြီး နမ်းလိုက်တဲ့ ပုံတွေလည်း ပါပါတယ်။

Daily Mail မှာတော့ သူတို့စုံတွဲဟာ လွန်ခဲ့တဲ့ (၂)လလောက်တည်းက ပြန်ပေါင်းထုပ်နေကြပြီလို့ ဖော်ပြထားပါ တယ်။ ပြန်တွဲနေပေမယ့် ဒီအကြောင်းကို တခြားသူတွေမရိပ်မိအောင် ဖုံးလို့ရသလောက် ဖုံးကွယ်ထားခဲ့ကြတာပါ။ JB ရဲ့ အတွင်းလူတွေဆီကရတဲ့ သတင်းအရဆိုရင်တော့ အခုဆိုရင် JB တစ်ယောက် မိုးမမြင်လေမမြင်ကို ပျော်နေတယ်လို့ ဆိုပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။