အမေရိကန် Pop နဲ့ Rock သီချင်းတွေကို သီဆိုတဲ့ Jonas Brother အဖွဲ့ ကတော့ (၂၀၀၅)မှာ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး သူတို့ ကျော်ကြားခဲ့တဲ့ (၂၀၁၃)မှာ အဖွဲ့ကွဲသွားခဲ့ပါတယ်။ Jonas Brother အဖွဲ့မှာ အဖွဲ့ဝင် (၃)ယောက်ပါပြီး Paul Kevin Jonas II ၊ Joseph Adam Jonas နဲ့ Nicholas Jerry Jonas ပဲဖြစ်ကြတယ်။ ဒီ (၃)ယောက်စလုံးကလည်း ညီအစ်ကိုအရင်း သုံးယောက်ဆိုလည်း မမှားပါဘူး။

Jonas Brother အဖွဲ့ဆိုတာ တစ်ခေတ်တစ်ခါတုန်းက အရမ်းကို နာမည်ကြီး ကျော်ကြားခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ အဖွဲ့ရဲ့ တရားဝင် Instagram အကောင့်ဟာ ပြန်လည်ရှင်သန်လာခဲ့ပါပြီ။ ဒါနဲ့ပတ်သတ်ပြီး ပရိသတ်တွေက သူတို့အဖွဲ့အနေနဲ့ အနုပညာလောကထဲကို တစ်ဖန်ပြန်ရောက်လာနိုင်ချေ ရှိတယ်ဆိုပြီး ထင်ကြေးတွေ ပေးခဲ့ကြပါတယ်။

Jonas Brother အဖွဲ့ရဲ့ Instagram အကောင့်သာ ပြန်လည်ရှင်သန်လာခဲ့ပေမယ့် အဖွဲ့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေကိုတော့ အသစ်တင်ထားတာ မတွေ့ရပါဘူး။ သူတို့အဖွဲ့ရဲ့အကောင့်မှာ နောက်ဆုံး (၂၀၁၃) ကတင်ထားတဲ့ ပုံတွေအောက်မှာလည်း သူတို့အဖွဲ့ကို ပြန်လာစေချင်တဲ့ ပရိသတ်တွေရဲ့ comments တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Nick Jonas (၂၅နှစ်) နဲ့  Joe Jonas (၂၈နှစ်) တို့ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့ခဲ့တာနဲ့အတူ၊ သူတို့အဖွဲ့ရဲ့ လူမှုကွန်ယက် အကောင့်ကို ပြန်ဖွင့်လိုက်တာနဲ့ ဆက်စပ်နေမလားဆိုပြီး ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာပါ။ ပရိသတ်တွေကတော့ Jonas Brother အဖွဲ့ပြန်ပေါင်းစည်းပြီး သီချင်းတွေပြန်ဆိုလာဖို့ကို စောင့်မျှော်နေကြပါတယ်။

source : dailymail.co.uk