Little Mix အဖွဲ့ က တော့ သီချင်းကောင်းတွေ အများကြီးကို ဖန်တီးခဲ့၊ဖန်တီးနေတဲ့ အဖွဲ့ တစ်ဖွဲ့ ပါ။ Little Mix ရဲ့ Fan တွေ အတွက် တော့ ၀မ်း နည်းစရာ သတင်းထွက်ပေါ် လာခဲ့ပါတယ်။အဲ့ဒါက တော့ Jesy Nelson က အဖွဲ့ ထဲက နေ ထွက်ခွာ သွားပြီဆိုတဲ့ သတင်းပါ။ Jesy Nelson က တော့ သူမရဲ့ စိတ်ကျန်းမာရေးကို ပိုပြီး ဂရုစိုက် ကုသ ချင်တဲ့ အတွက် အခုလို မျိုး ထွက်ခွာ ဖို့ ဆုံးဖြတ်လိုက် ရတာ ဖြစ် ကြောင်း Jesy Nelson က တော့ ပြောပါတယ်။အဖွဲ့က နေ ထွက် တဲ့ အ ကြောင်းကိုတော့ သူမရဲ့ Instagram က နေ ကြေညာခဲ့တာ ဖြစ်ပြီး ဒီ သတင်း ကို တော့ BBC မှာ ဖော်ပြထား တာပါ။
View this post on Instagram
Little Mix က တော့ 2011 တုန်းက အဖွဲ့ဝင် Jade Thirlwall, Perrie Edwards ၊ Leigh-Anne Pinnock ၊Jesy Nelson တို့နဲ့ ဖွဲ့ စည်း ခဲ့တဲ့ မိန်းကလေး အဆိုတော် အဖွဲ့ပါ။UK The X Factor Series (8) တုန်းက ဖွဲ့စည်းပေးခဲ့တာပါ။Jesy Nelson က တော့ အဖွဲ့က နေ ထွက် ခွာ ရတာ နဲ့ ပတ်သက်ပြီး ..မိန်းကလေး အဖွဲ့ ဖွဲ့ တုန်းက ပြိုင်ပွဲဝင် တစ်ယောက်ရဲ့ ဖိစီးမှုတွေကို ကြုံ ခဲ့ရ တယ်၊မျှော်လင့်ထားတာ ထက် ပိုပြီး ခက်ခဲ ခဲ့တယ်။ထူးခြားတဲ့ အချိန် တွေကို ပိုင်ဆိုင်ခဲ့ရ တယ်၊ဒါပေမယ့် အခုက တော့ စာမျက်နှာ သစ် စ ရမယ့် အချိန် ရောက်ပြီ.. ဆိုပြီး ပြောခဲ့ပါတယ်။တခြား အဖွဲ့ဝင် တွေ က တော့ “ကျွန်မတို့ အားလုံး အတွက် စိတ်မကောင်းဖြစ်ရတဲ့ အချိန်ပါ. Jesy ကို အပြည့်အ၀ Support လုပ် သွားမှာပါ..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
Jesy Nelson အဖွဲ့ ထဲက ထွက်မယ့် သတင်းက တော့ သူမ အဖွဲ့က နေ အနားယူမယ့် အချိန်ကို တိုးလိုက်တဲ့ ကိစ္စ အပြီး မှာ ထွက်ပေါ် လာတာပါ။သူမရဲ့ ကျန်းမာရေး ကြောင့် အဖွဲ့က နေ နားတဲ့ အချိန်တိုးမယ်လို့ အစတုန်းက ပြောခဲ့ဖူးပါတယ်။သီတင်းပတ်ကုန် ပိုင်းက ပြုလုပ်တဲ့ Strictly Come Dancing မှာတော့ Leigh-Anne Pinnock, Perrie Edwards ၊ Jade Thirlwall တို့ သုံးဦးပဲ ဖျော်ဖြေခဲ့ပါတယ်။ Nelson က တော့ သေချာ အများကြီး စဉ်းစားပြီးမှ ဒီလို ဆုံးဖြတ်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။
View this post on Instagram
”ကျွန်မ ကို ချစ်တဲ့သူတွေ၊ကျွန်မ စိတ်ပျော် စေမယ့် အရာ တွေကို လုပ်ဖို့ အချိန် လို တယ်..” လို့ လည်း ပြော ခဲ့ပါတယ်။ကျန်တဲ့ အဖွဲ့ဝင် တွေ က တော့ Jesy အဖွဲ့ထဲက ထွက်တဲ့ သတင်းဟာ Little Mix ရဲ့ Fan တွေ အတွက် တော့ ၀မ်းနည်းစရာ ဖြစ်လိမ့်မယ် ဆိုပြီး ပြောခဲ့ပါတယ်။ ၂၀၁၁ တည်းက စတင်ဖွဲ့စည်းခဲ့တဲ့ Little Mix က တော့ အယ်ဘမ် (၆)ခု ထွက်ရှိခဲ့ပါတယ်။
View this post on Instagram
#CELENOW