ဟောလိဝုဒ်လောကရဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အသက်၂၇နှစ်အရွယ် Jennifer Lawrenceဟာ အသက်၄၈ နှစ်အရွယ်ရှိတဲ့ ဒါရိုက်တာ  Darren Aronofskyနဲ့ ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ချစ်သူဖြစ်ပြီး တစ်နှစ်အကြာမှာ  ပြတ်ဆဲသွားကြပြီဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ “Mother” ရုပ်ရှင်ရိုက်ရင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။သူတို့ နှစ်ဦးဟာ အသက်အရွယ်အရ ကွာခြားပေမဲ့ တစ်ဦးနဲ့ တစ်ဦးရဲ့ ထက်မြက်မှုတွေကို အပြန်အလှန် သဘောကျကြတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လမ်းခွဲရတဲ့ အကြောင်းအရင်းကတော့ “Mother” ရုပ်ရှင်နဲ့ လည်း သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ဟာ “Mother”ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲတွေအတူတက်ရပါတယ်။ပြီးရင် ဟော်တယ်ကို ပြန်ရောက်တဲ့ အခါ လည်း “Mother”ရုပ်ရှင်အကြောင်းပဲ တွေးဖြစ်ပြောဖြစ်ပါတယ်။ Darrenကလည်း အဒီအကြောင်းကိုပဲ ပြန်ရောက်တဲ့ အခါပြောပါတယ်။သူကိုယ်တိုင် ဖန်တီးထားတဲ့ အတွက်ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမဲ့ အားပေးတတ်တဲ့ ချစ်သူကောင်းဖြစ်အောင်လည်း ကြိုးစားရသေးတဲ့ အတွက် နှစ်ဆ ပင်ပန်းပါတယ်။ “Mother”ရုပ်ရှင်အကြောင်းကို တစ်စက္ကန့်လောက်ပဲ ဖြစ်ဖြစ်မတွေးပဲ နေချင်တယ်”လို့ Jennifer Lawrenceကပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ချစ်သူတွေမဟုတ်တော့ ပေမဲ့လည်း အခင်အမင် မပျက်ရှိနေတုန်းပဲလို့ Entertainment Tonight သတင်းမှာ ဖေါ်ပြထားပါတယ်။

Source:DailyMail

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။