Victoria Secret မော်ဒယ်ဖြစ်တဲ့ Gigi Hadid နဲ့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Zayn Malik တို့ချစ်သူ နှစ်ယောက်ဟာ ကမ္ဘာကျော်ချစ်သူ စုံတွဲပဲဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ခိုင်မြဲပြီး အေးချမ်းစွာဖြတ်သန်းနေကြပါတယ်။

(၂၀၁၈)ခုနှစ် ဇန်န၀ါရီ (၁၂) ရက်မှာ ကျရောက်ခဲ့တဲ့ Zayn Malik ရဲ့ (၂၅) နှစ်ပြည့် မွေးနေ့မှာ Gigi က Zayn ကို စာတစ်ကြောင်းနဲ့ ‘ချုပ်’လိုက်ပါတယ်။ ဒီစာကြောင့်ပင် ချစ်သူနှစ်ဦးရဲ့ အမှတ်တရလေးတစ်ခုပေါ်လာတာလို့ အများက ယူဆနေပါတယ်။

Gigi ရဲ့ Instagram မှာတင်လိုက်တဲ့ စာတစ်ကြောင်းကြောင့် Zayn က Gigi ရဲ့မျက်လုံးပုံစံကို သူရဲ့ ရင်ဘတ်တည့်တည့်နေရာမှာ တက်တူးထိုးလိုက်တာ ဖြစ်ပြီး၊ ပရိသတ်တွေက အလွန်သဘောကျနေကြပါတယ်။

Gigi က Zayn အတွက် မွေးနေ့မှာ စာတစ်ကြောင်းနဲ့ ချုပ်ခဲ့သလို Zayn ကလည်း Gigi ရဲ့မျက်လုံးပုံကို တတ်တူးထိုးပေးခဲ့ပါတယ်။ Zayn နဲ့ Gigi တို့ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အခုလို အရမ်းချစ်ပြကြလို့ ပရိသတ်တွေရဲ့ စံပြစုံတွဲအဖြစ်လည်း ရှိနေတာပဲဖြစ်တယ်။

source : dailymail