“Kylie” Cosmetics ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Kylie Jenner ကတော့ သူမရဲ့ သမီးလေးကို ဖေဖော်ဝါရီ (၁)ရက်နေ့မှာ မွေးဖွားခဲ့တာပဲဖြစ်ပြီး ဖေဖော်ဝါရီ (၄)ရက်နေ့ကမှ သမီးလေးမွေးဖွားခဲ့တဲ့အကြောင်းကို ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။  Kylie က သူမ ကိုယ်ဝန်ဆောင်နေစဉ် တစ်လျှောက်မှာလည်း သူမရဲ့ ကိုယ်ဝန်ကို တရားဝင် ချပြခဲ့ခြင်းမရှိခဲ့ပါဘူး။ သူမ ကလေးမွေးပြီးတော့မှ Baby Shower ပွဲ လုပ်တုန်းကပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံနှံ့လာခဲ့တာပဲဖြစ်ပါတယ်။

အခုမှာတော့ သူမ ရဲ့သမီးလေးအတွက် အင်္ကျီလေးတွေ အ၀တ်ဗီရိုအပြည့်ရှိနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူမရဲ့ လူမှုကွန်ရက်ကနေ မျှဝေပေးထားတာတွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးတဲ့ ပရိသတ်တွေအနေနဲ့ ဝေဖန်မှုတစ်ချို့ကို တွေ့ရပါတယ်။ “ကလေးအ၀တ်ဗီရိုက ကိုယ့်တွေလူကြီးတွေထက်တောင် သာနေသေးတယ်” ၊ ” သုံးရက်သား ကလေးရဲ့ အ၀တ်တွေက ကိုယ့်တွေအင်္ကျီထက်တောင် ဈေးကြီးနေတယ်” စတဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီလိုဝေဖန်ခံရတဲ့ အကြောင်းကတော့ Kylie က သူမရဲ့ သမီးလေးအတွက် အကျီအ၀တ်ဖိုးချည်း ဒေါ်လာ (၇)သောင်းဖိုးကို ကုန်ကျခံခဲ့လို့ပဲဖြစ်ပါတယ်။ Kylie က သမီးလေးအတွက် ဖိနပ်တွေကိုလည်း ဆိုဒ်မျိုးစုံ ၊ ဒီဇိုင်းမျိုးစုံတွေ ၀ယ်ပေးထားတာတွေ့ရပါတယ်။

source : dailymail